Preview

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်တည်ထောင်ခြင်း တစ်နှစ်ပြည့်သို့ ညီနောင်မဟာမိတ်(၃)ဖွဲ့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

ဧပြီ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :3282
ရခိုင် သတင်း

နိရဉ္စရာ၊ ဧပြီ ၁၈ (မြန်မာရေးရာ)

ဧပြီ (၁ရ) ရက်နေ့တွင် ကျရောက်သည့် မာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) တည်ထောင်ခြင်းတစ်နှစ်ပြည့် အခမ်းအနားသို့  ညီနောင် မဟာမိတ်(၃) ဖွဲ့ဖြစ်ကြသော ရက္ခိုင့်တပ်တော် (AA)၊တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) ှင့်ကိုးကန့်တပ်ဖွဲ့ (MNDAA) တို့က ဂုဏ်ပြုသဝဏ်လွှာပေးပို့ခဲ့သည်။

အဆိုပါစာထဲတွင် မြန်မာပြည်သူတစ်ရပ်လုံးလိုလားနေသော အနာဂတ်မျှော်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်ပြီး ဗမာလူမျိုးအပါအဝင် နှစ်ပေါင်းများစွာ အဖိနှိပ်ခံနေရသော တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအတွက်ရပ်တည်ကာ တည်ငြိမ်သောမူဝါဒများကို ရေးဆွဲ ချမှတ်နိုင်ရန် မျှော်လင့်ပါကြောင်း၊ တိုင်းပြည်အတွက်၊ပြည်သူ့အတွက် တည့်မှတ် မှန်ကန်သော ရပ်တည်ချက်များဖြင့် အလုပ်လုပ်ပေးနိုင်သော အဖွဲ့အစည်းဖြစ်ပါစေကြောင်းနှစ်သစ်တွင် ဆုမွန် တောင်းပေးလိုက်ပါကြောင်း၊  BPLAိုင်ငံရေး၊စစ်ရေးရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် မိမိတို့ညီနောင်မဟာမိတ် (၃) ဖွဲ့အနေဖြင့် တတ်နိုင်သရွေ့ ပံ့ပိုးဝိုင်းရံသွားမည်ဖြစ်ကြောင်းဖော်ပြထားသည်။

BPLA ဗမာတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့သည် ယခင်သုံးစွဲနေကျ Burma အမည်ကို Bamar ဟု ပြောင်းလဲသုံးစွဲထားပြီးသူတို့ အဖွဲ့၏ အင်္ဂလိပ်လို အမည်မှာ ( BamarPeople’s Liberation Army- BPLA) ဖြစ်သည်။

BPLA  ခေါင်းဆောင် မောင်ဆောင်းခက အပြန်အလှန်လေးစားယုံကြည်မှုဆိုတာ လွယ်လွယ်နဲ့၇လေ့ မရှိပါဘူး။ အဖူးဘောကျော်ဟဲကဗမာလိုပြောလေ့မရှိပေမယ့် ကျနော်နဲ့ဆိုရင်တော့ သူပြောပါတယ်။နိုင်ငံရေး အမြင်/စစ်ရေး အမြင်၊ ပြတ်သားတဲ့ဦးဆောင်မှုတွေဟာအဖူးဘောကျော်ဟဲ၊ ရက္ခိုင့်တပ်တော် တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ဗိုလ်မှူးကြီးကျော်ဟန်တို့ဆီက လေ့လာသင်ယူခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။ BPLAကိုကူညီဝန်းရံပေးနေတဲ့ မဟာမိတ်တွေကိုပြန်ပေးနိုင်တဲ့တစ်ခုတည်းသော ကတိကဝတ်ကတော့ ဗမာအပါအဝင် အဖိနှိပ်ခံ တိုင်းရင်းသား ပြည်သူလူထု တစ်ရပ်လုံး လွတ်မြောက်ရေး အတွက် မဖောက်မပြန်ဘဲကြိုးစား ရုန်းကန်သွားမယ် ဆိုတာပါပဲဟု သူ၏ ပို့စ်တွင်ရေးသား ဖော်ပြထားသည်။

#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.