Preview

ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ဖြင့် ၇ခိုင်ကအကျဉ်းသား ၄၀ ဦးလွတ်ပေးခဲ့သော်လည်း နိုင်ငံရေးအမှုဖြင့် ထောင်ကျနေသူ တစ်ဦးတစ်ယောက်မှမပါဝင်

ဧပြီ ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :1097
ရခိုင် သတင်း

နိရဉ္စရာ၊ ဧပြီ ၁၈/ ၂၀၂၂

 

မြန်မာနှစ်ဆန်းတစ်ရက် ဧပြီ ၁၇ ရက်နေ့က အကျဉ်းသား၁၅ရရ ကျော်ကို စစ်ကောင်စီက ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပေးခဲ့ရာ ထိုအထဲတွင် ၇ခိုင်ပြည်နယ်ကအကျဉ်းသား ၄၀ ဦးပါဝင်သော်လည်း ၎င်းတို့အထဲတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံထားရသူများ၊ရက္ခိုင့်တပ်တော် (AA)  နှင့် ဆက်စပ်၍ ထောင်ချခံထားရသူ တစ်ဦးတစ်ယောက်မှ ပါဝင်လာခြင်း မရှိကြောင်းသိ၇သည်။

 

လွတ်လာသည့် ၎င်းတို့ ၄၀ ဦးအထဲတွင် စစ်တွေထောင်ကအကျဉ်းသား ၈ ဦး၊ ဘူးသီးတောင် အကျဉ်းထောင်က အကျဉ်းသား ၁၃ ဦးနှင့် အကျဉ်းသူ ၇ ဦး၊ ကျောက်ဖြူအကျဉ်းထောင်က အကျဉ်းသား ၆ ဦးနှင့် သံတွဲ အကျဉ်းထောင်က ၆ ဦးတို့ ဖြစ်ကြသည်။

 

ရခိုင်ပြည်နယ်ရှိ အကျဉ်းထောင် အသီးသီးတွင် အေအေနှင့်ဆက်စပ်ဖမ်းဆီးထောင်ချခံထားရသူ၊ တရားစွဲဆိုခံထားရသူ (၇၀) နီးပါးကျန်ရှိနေသေးပြီး အများစုမှာအကြမ်းဖက်မှုဖြင့် တရားစွဲဆို ခံထား၇သူများဖြစ်ကြသည်။

 

ယနေ့အထိလွတ်မြောက်လာခြင်းမရှိသေးဘဲ ကျန်ရှိနေသူများမှာ ပုဏ္ဏားကျွန်း မြို့နယ်ကျောက်ဆိပ် ရွာသား ၅ ဦး အပါအဝင် စစ်တွေ အကျဉ်းထောင်မှ ၁၇ ဦး၊ သံတွဲအကျဉ်းထောင်မှ၇ ဦး၊ ဘူးသီတောင် အကျဉ်းထောင်မှ ၅ ဦး၊ မြောက်ဦး အချုပ်ခန်းတွင် ၁၀ ဦး၊ကျောက်ဖြူ အကျဉ်းထောင်မှ ၁၈ ဦး၊ ချင်းပြည်နယ် ပလက်၀မှ ၁ ဦး၊မန္တလေးမှ ၆ ဦးနှင့် ရန်ကုန်အင်းစိန် အကျဉ်းထောင်မှ ၆ ဦးတို့ ဖြစ်ကြောင်းနိုင်ငံရေးအကျဉ်းသားများအရေး ကူညီဆောင်ရွက်ပေးသူ စာရေးဆရာ ဦးဝေဟင်အောင်၏ စာရင်းအရ သိ၇သည်။

 

စစ်ကောင်စီ၏ ဧပြီ ၁၇ ရက်နေ့စွဲဖြင့် ထုတ်ပြန်သည့်ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်တွင် မြန်မာနှစ်သစ် အခါသမယ အထိမ်းအမှတ် အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရန်နှင့်လူသားချင်းစာနာ ထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌသည် အကျဉ်းထောင်၊အချုပ်ထောင်/စခန်း အသီးသီးတွင်အကျဉ်းကျ ခံနေကြ၇သော အကျဉ်းသား/သူ ၁၅ရရ ဦးတို့အား ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ၄၀၁၊ ပုဒ်မခွဲ (၁) အ၇ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ ကျခံရန်ရှိသောပြစ်ဒဏ်များ အပေါ် လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ပါရှိသည်။

 

(ဓာတ်ပုံ-ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က ရိုက်ထားသော ဓာတ်ပုံဟောင်း ဖြစ်ပါသည်။)

#နိုင်ငံရေးအကျဉ်းသား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.