သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၁၈/၂၀၂၂
PDF သံသယဖြင့်(၅) လကြာ ဖမ်းဆီးခံထား၇သည့် တောင်ကုတ်လူငယ်ကွန်ရက်ဥက္ကဋ္ဌ ကိုမင်းကိုဦးသည် ယနေ့တွင် သံတွဲအကျဉ်းထောင်မှ ပြန်လွတ်မြောက်လာပြီဟု သတင်းရရှိသည်။
ကိုမင်းကိုဦးကို သက်သေအထောက်မခိုင်လုံသောကြောင့် ယနေ့ဧပြီ၁၈ ရက် ရုံးချိန်းတွင် အပြီးသတ် အမိန့်ချကာ တရားသေပြန်လွတ်ပေးလိုက်ခြင်း ဖြစ်ကြောင်း အမှုကိုလိုက်ပါဆောက်ရွက်ပေးနေသူ တရားလွတ်တော်မှရှေ့နေ့ ဒေါာသီင်္ဂီမောင်က နိ၇ဉ္စရာသတင်းဌာကိုပြောသည်။
" သက်သေအထောက်ထားအခိုင်လုံမရှိတဲ့အတွက်အမိန့်ချပြီးတာနဲ့ ပြန်လွတ်ပေးလိုက်တယ်"ဟု ၎င်းက ပြောသည်။
တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်၊မင်းထီးလမ်းတွင်နေထိုင်သော ကိုမင်းကိုဦး (၂၅ နှစ်)သည် PDF အား ငွေထောက်ပံ့သည့် သံသယဖြင့် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ၁၄ ရက်တွင် သူ၏နေအိမ်အတွင်းမှဖမ်းဆီးခေါ်ဆောင်ခံခဲ့၇သည်။
၎င်းနောက်သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၀(ည)ဖြင့် တရားစွဲခံခဲ့၇ကာ ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်တွင်စွဲချက်တင်ခဲ့သည်။
ကိုမင်းကိုဦးအား သံတွဲအကျဥ်းထောင်မှယနေ့တွင် ပြန်လွတ်လာသဖြင့် အတိုင်းမသိဝမ်းသာမိသည်ဟုကိုမင်းကိုဦး၏ ဖခင်ဖြစ်သူ ဦးခင်မောင်စိန်ကပြောသည်။
"အတိုင်းမသိဝမ်းသာတယ်။၀မ်းသာလွန်းလို့မျက်ရည်တောင်ကျမိတယ်။ကိုယ့်သားသမီးကို စပြီးဖမ်းသွားတဲ့နေ့ကတည်းက စိတ်ဆင်းရဲပြီး စိတ်ပူပန်ခဲ့၇တာပါ"ဟု ဖခင်ဖြစ်သူကပြောသည်။
၇ခိုင်ပြည်နယ်အတွင်း ကိုမင်းကိုဦးအပါအဝင်PDF နှင့်ဆက်စပ်သံသယဖြင့်ဖမ်းဆီးခံ၇ပြီး အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံထား၇သူ၉ ဦးရှိပြီး ၎င်းတို့မှာ သံတွဲ၊ ငပလီ၊ မြောက်ဦးနှင့် တောင်ကုတ်မြို့တို့က ဖြစ်ကြသည်ဟု သိ၇သည်။
ယင်း ၉ ဦးအနက် PDFကို ငွေကြေးထောက်ပံ့သည်ဟုဆိုကာသံတွဲမြို့မှ အမျိုးသမီး ၃ ဦးနှင့် မြောက်ဦးမြို့နယ်၊ ပန်းမော်ကျေးရွာမှလူငယ်စာရေးဆရာ မင်းဒီပါတို့သည် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)ဖြင့်မြို့နယ်တရားရုံးများ၏ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခြင်းကို ခံထားရသည်ဟု သိ၇သည်။