Preview

စစ်တွေတွင် စက်သုံးဆီ ဈေးနှုန်းတစ်နေ့အတွင်း သုံးကြိမ်ထိ ပြောင်းလဲဖြစ်နေဟုဆို

ဧပြီ ၂၃/ ၂၀၂၂ | ကြည့်ရှုသူ :2832
ရခိုင် သတင်း
သျှင်မင်းဇံ
နိရဉ္စရာ၊ ဧပြီ ၂၁/ ၂၀၂၂
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ စက်သုံးဆီ အရောင်းဈေးဆိုင်များတွင် စက်သုံးဆီဈေးနှုန်းများမှာ တစ်နေ့အတွင်း သုံးကြိမ်ခန့် အပြောင်းအလဲ ရှိနေကြောင်း စက်ဆိုင်များမှ တာဝန်ရှိသူများက ပြောသည်။
ယနေ့ နံနက်က ဖြစ်ပေါ်နေသော စက်သုံးဆီဈေးနှုန်းမှာ ကျော်ဇံ ပန့်စက်သုံး ဆီဆိုင်တွင် အောက်တိန် (၉၂ ) ၁ လီတာ ၂၀၃၀ ကျပ်၊ အောက်တိန် (95) ၁ လီတာ ၂၀၈၀ ကျပ်၊ ပရီမီယမ် ၁ လီတာ ၂၄၄၀၊ ရိုးရိုးပရီမီယမ် ၁ လီတာ ၂၄၁၀ နှင့် ဓာတ်ဆီ ၁၉၃၀ ကျပ်ဖြစ်သည်။
ရွှေရိုးမဆီဆိုင်တွင် အောက်တိန် (92) ၁ လီတာ ၂၃၂၀ ကျပ်၊ အောက်တိန် (၉၅) တစ်လီတာကို ၂၃၉၀ ကျပ်။ ပရီမီယမ် ၁ လီတာ ၂၅၆၀ ကျပ် နှင့် ရိုးရိုးပရီမီယမ် ၁ လီတာ ၂၅၄၀ ကျပ် ဖြစ်ကြောင်း သိ၇သည်။
စစ်တွေ ဈေးအနားက ထူးဆီဆိုင်တွင် ပရီမီယမ် ၁ လီတာ ၂၄၄၀ ကျပ်နှင့် အောက်တိန် (၉၂) ၁ လီတာ ၂၂၉၀ ကျပ်တို့ ဖြစ်ကြသည်။
တစ်ခြား ပန့်စက်သုံးဆီဆိုင်များဖြစ်ကြသည့် City နှင်BIM ဆီဆိုင်တို့တွင် အောက်တိန် (၉၅)၊ (၉၂) ပြတ်လပ်နေပြီး လာမည့် ၄ ရက်ကြာမှ ရောင်းချနိုင်မှာဖြစ်ပြီး လက်ရှိ ရောင်းချနေသည့် ပရီမီယမ်ဆီ တစ်လီတာ ၂၃၉၀ ကျပ်ဖြင့် လိုသလောက်ရောင်းချပေးနေသည်ဟု သိ၇သည်။
မြန်မာနိုင်ငံကို ပြည်ပမှ တင်သွင်းသည့် စက်သုံးဆီများ ပြတ်လပ်မည့်ဟု သတင်းများ ထွက်ပေါ် နေပြီးနောက် ရန်ကုန်အပါအဝင် မြို့ကြီးတချို့က စက်သုံးဆီအရောင်းဆိုင်များတွင် ကားများ ဆိုင်ကယ်များဖြင့် တန်းစီ စောင့်ဆိုင်း ဝယ်ယူနေကြရပြီး ယခု ၇ခိုင်ပြည်နယ်မြို့တော် စစ်တွေ တွင်လည်း တချို့ဆီဆိုင်များတွင် ယနေ့ ဧပြီလ ၂၁ နံနက် ၉ နာရီခန့်တွင်လည်း သုံးဘီးဆိုင်ကယ်များ၊ ဆိုင်ကယ်နှင့်ကားများ ထပ်မံ တန်းစီစောင့်ဆိုင်းကာ စက်သုံးဆီ ဖြည့်နေကြသည်။

#စက်မှုလက်မှု/စီးပွားရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.