Preview

စစ်တွေတက္ကသိုလ်နေ့သင်တန်းများကို မေလ ၁၂ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

ဧပြီ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :4886
ရခိုင် သတင်း
သဉ္စာနွယ်
နိရဉ္စရာ ဧပြီ ၂၃/၂၀၂၂
စစ်တွေ တက္ကသိုလ် (နေ့သင်တန်း) ၂၀၂၁-၂၀၂၂ ပညာသင်နှစ်အတွက် သင်တန်းအသီးသီးကို ၂၀၂၂ ခုနှစ် မေလ ၁၂ ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ပါဝင်သည့် အတန်းများမှာ ဘွဲ့ကြိုတန်း၊ ဘွဲ့လွန်တန်းများဖြစ်ပြီး အဆိုပါကာလ အတွင်း အပတ်စဉ် တနင်္လာနေ့မှ သောကြာနေ့ထိ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိ၇သည်။
တက္ကသိုလ်ကျောင်း (နေ့သင်တန်း)များကို မေလ ၁၂ ရက်နေ့မှစတင်ကာ ပုံမှန်အတိုင်းပြန်လည် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းသူ၊ကျောင်းသား များအား ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နူန်း ပြည့်မှသာလျှင် စာမေးပွဲ ဖြေဆိုခွင့်ပေးမည်ဟု စစ်တွေတက္ကသိုလ်ရှိ ကျောင်းသားရေးရာဌာနမှ ဌာနမှူး ဦးကျော်နိုင်ဦးက နိရဥ္စရာ ကိုပြောသည်။
တက္ကသိုလ်ကျောင်းများပြန်ဖွင့်ခြင်းကို ဝမ်းသာမိသော်လည်း ကျောင်းတက် နေပြီးမှ အခြေအနေ အရပ်ရပ်ကြောင့် ကျောင်းပြန်ပိတ်သွားမည်ကို စိုးရိမ်မိသည်ဟု စစ်တွေတက္ကသိုလ်တွင် ဒုတိယနှစ် တက်ရောက်နေသူ မအိဖြူစိုးကပြောသည်။
"ကျောင်းဖွင့်မှာကိုတော့ဝမ်းသာမိတယ်။ ဒါပေမယ့် အခြေနေတစ်ခုခုကြောင့် ကျောင်းတွေ ပြန်ပိတ်သွားမှာလည်း ကြောက်တယ်။ အဓိကတော့ အချိန်ကုန်၊ ငွေကုန်ပြီးခါမှ ကျောင်းပြန်ပိတ် သွားတာမျိုး မဖြစ်စေချင်ဘူး"ဟုပြောသည်။
စစ်တွေတက္ကသိုလ်(နေ့သင်တန်း)များကို မေလ ၁၂ရက်နေ့မှ ဇူလိုင်လ ၂၇ ရက်နေ့အထိ ၃ လကြာ ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး ဘွဲ့ကြိုတန်း ဖြစ်သော တက္ကသိုလ်စာမေးပွဲအောင်မြင်ပြီး ပထမနှစ် အထူးပြု ဘာသာရပ်များကို ဝင်ခွင့်ရသူများ၊ ပထမနှစ်၊ ဒုတိယနှစ်၊ တတိယနှစ်၊ ပထမနှစ် ဂုဏ်ထူးတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ပဥ္စမနှစ်ဂုဏ်ထူးတန်းစသည့်အတန်းများ၏ ဒုတိယ ပညာသင်ကာလကို ဖွင့်လှစ်သွားမည်ဟုသိ၇သည်။
ယင်းအပြင် ဘွဲ့လွန်တန်းဖြစ်သော မဟာအရည်ချင်းစစ်သင်တန်း၊ပထမနှစ် မဟာတန်း၊ ဒုတိယနှစ်မဟာတန်းများ၏ ဒုတိယ ပညာသင်ကာလ ကိုလည်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်းသိ၇သည်။
အဆိုပါ တက္ကသိုလ် ကျောင်းသူ၊ကျောင်းသားများအား ကျောင်းခေါ်ကြိမ် ၇၅ ရာခိုင်နူန်း ပြည့်မှသာလျှင်စာမေးပွဲဖြေဆိုခွင့်ပေးမည်ဟု စစ်တွေတက္ကသိုလ် ပါမောက္ခချုပ် ကိုယ်စား ကျောင်းသားရေးရာဌာနမှ ဌာနမှူး ဦးကျော်နိုင်ဦး လက်မှတ်ရေးထိုးပြီးထုတ်ပြန်ထားသည်။
ကိုဗစ်ကြောင့် ရခိုင်ရှိတက္ကသိုလ်ကျောင်းများကို ၂၀၁၉ မတ်လ ၃ ရက်နေ့ကပင် စတင် ပိတ်ထားခဲ့ခြင်း ဖြစ်ကာ ၂၀၂၁ မေလ ၆ ရက်နေ့ကပြန်ပြီ စစ်တွေ တက္ကသိုလ်တွင် ဝိဇ္ဇာ၊ သိပ္ပံ နောက်ဆုံးနှစ် အတန်း၊ တတိယနှစ်ဂုဏ်ထူးတန်း၊ ပဉ္စမနှစ်ဥပဒေတန်း၊ မဟာအရည်ချင်း စစ်သင်တန်း၊ ပထမနှစ် ဂုဏ်ထူးတန်းနှင့် ဒုတိယနှစ်ဂုဏ်ထူးတန်းတို့ကိုဖွင့်လှစ်ခဲ့ကြောင်းသိ၇သည်။
ရခိုင်ရှိ စစ်တွေတက္ကသိုလ်အပါအဝင် စစ်တွေနည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ အစိုးရစက်မှုလက်မှုသိပ္ပံ(ေကျာက်ဖြူ၊) အစိုးရ စက်မှုလက်မှုသိပ္ပံ(သံတွဲ) တောင်ကုတ်တက္ကသိုလ် စသည့်တို့ကိုလည်း အသီးသီးဖွင့်လှစ်သွားမည်ဟုသိ၇သည်။

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.