English Edition
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
ထောင် (၁၃)နှစ် ချမှတ်ခံထားရသည့် မြောက်ဦးဂုဏ်ကျွန်းမှလူငယ်တစ်ဦးက သူအားမေ့ပျောက်မထားကြရန်စစ်တွေထောင်ထဲကမေတ္တာရပ်ခံ
ဧပြီ ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :7136
ရခိုင် သတင်း
မြထွီးသျှင်
နိရဉ္စရာ၊ ဧပြီ ၂၃/၂၀၂၂
လွတ်ငြိမ်းခွင့်ဖြင့်သော်လည်းကောင်း၊ ရက္ခိုင့်တပ်တော် ( AA) နှင့် ဆက်စပ်၍ အကြမ်းဖက်မှုနှင့် တရားစွဲဆိုထောင်ချထားသူများကိုသော်လည်းကောင်း လက်ရှိ စစ်ကောင်စီက ပြန်လည် လွှတ်ပေးနေသော်လည်း AA နှင့်ပတ်သက်၍ ထောင် (၁၃) နှစ်ထိ ချမှတ်ခံထားရသည့် မြောက်ဦးမြို့နယ် ဂုဏ်ကျွန်း ကျေးရွာမှ လူငယ်တစ်ဦးမှာ လွှတ်မြောက်လာခြင်း မရှိသည့်အပြင် သူနှင့်ပတ်သက်ပြီး အပြင်မှ လူပ်ရှားမှု အစအန တစုံတရာ မကြားရဘဲဖြစ်နေသဖြင့် သူ့အား မေ့ပျောက်မထားကြရန် စစ်တွေထောင်ထဲကနေ မေတ္တာရပ်ခံလိုက်သည်။
၎င်းလူငယ်မှာ ကျော်မင်းနိုင်ဖြစ်ပြီး ၂၀၂၀ ခုနှစ် ဇန်နဝါရီ ၁၈ ရက်နေ့က မြောက်ဦးမြို့ အမှတ် (၅၄၀) တပ်ရင်းရှေ့တွင် ဖမ်းဆီးခံ၇သူဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ဖမ်းဆီးပြီး ၃ ရက်အကြာ ဧပြီ ၂၁ ရက်နေ့တွင် သူ့အား စစ်တပ်မှ မြောက်ဦးမြို့မရဲစခန်းကို ပို့ဆောင်ခဲ့ကြောင်း၊ ၎င်းနောက်သူ့အား စရဖအဖွဲ့က ရဲစခန်းက ပြန်လည်ခေါ်ထုတ်ပြီး သုံးရက်တိုင်တိုင် ရိုက်နှက် စစ်ဆေးခဲ့ကြောင်း၊ မြောက်ဦးမြို့နယ် တရားရုံးက ၎င်းအား ၁၅ ရက်တစ်ကြိမ်ဖြင့် နှစ်ကြိမ်ထိ ရုံးတက်ခဲ့ရပြီး မြောက်ဦးခရိုင်တရားရုံးသို့ ထပ်မံ လွှဲပြောင်းခံခဲ့၇သည်ဟု ဆိုသည်။
၎င်းနောက် ၂၀၂၀ ခုနှစ် ၈ ရက် ၁၁ လပိုင်းတွင်လည်း အချုပ်ခန်းထဲမှ ပြင်ပသို့ ခေါ်ယူပြီး မတရားမဲ့ နှိပ်စက်ခြင်းကို ခံခဲ့ရပြီး ဒဏ်ရာများ ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။
၎င်းအား မြောက်ဦးခရိုင် တရားရုံးက ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၁ ရက်တွင် အကြမ်းဖက် ပုဒ်မက ၅၀(က)၊ ၅၂ (ဈ) တို့ဖြင့် ထောင် (၁၃) နှစ်ချမှတ်ခဲ့သည်ဟု သိ၇သည်။
ကိုကျော်မင်းနိုင်မှာ လက်ရှိ စစ်တွေထောင်တွင်ရှိနေပြီး ၎င်းမှာ အေအေနှင့် ဆက်စပ်သည့် စွဲချက်ဖြင့် ထောင် ၁၃ နှစ်ထိ ချမှတ်ခံထားရသော်လည်း မည်သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင်မှ မပါဝင်ဘဲ လူမသိ သူမသိရှိနေသဖြင့် သူ့အား မေ့မထားကြရန် နိရဉ္စရာသတင်းဌာနမှ တဆင့် မေတ္တာရပ်ခဲ့ခြင်း ဖြစ်သည်။
ကိုကျော်မင်းနိုင်၏ မိခင်ဖြစ်သူဒေါ်သန်းသန်းနုကလည်း သူမ၏သားကို တစ်ခြားသူများနည်းတူ တန်းတူ အခွင့်အရေး ရရှိစေလိုသည်ဟု ပြောသည်။
"မတွေ့ရတာလည်းသိပ်ကြာသွားပြီ၊ အကျိုးအကြောင်းလည်း တစ်ခုမှမသိရဘူး။ ထောင်ဝင်စာလည်း တွေ့ခွင့်မရတော့ သွားမတွေ့တာတောင် သိပ်ကြာသွားပြီ။ အန်တီတို့ကလည်း သွားလာဖို့အခက်အခဲရှိတော့ ထပ်ပြီးသွားမတွေ့ဖြစ်ကြဘူး။ သူနေကောင်းလား၊ ဘာဖြစ်နေလဲ ဆိုတာလည်း မသိ၇ဘူး။ ကျွန်မသား ကိုလည်း တစ်ခြားသူတွေ လွတ်သလိုမျိုး တန်းတူ လွတ်စေချင်ပါတယ်" ဟုပြောသည်။
ရခိုင်ပြည်နယ်ရှိ ထောင်အသီးသီးတွင် AA နှင့် ဆက်စပ်သံသယဖြင့် ဖမ်းဆီးခံထားရသူ အနည်းဆုံး (၇၀) ခန့် ကျန်ရှိနေသေးကြောင်း လူမှုရေးလူပ်ရှားသူများ၏ ပြုစုထားသော စာရင်းများအရ သိ၇သည်။
#နိုင်ငံရေးအကျဉ်းသား
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.