Preview

ဓာတ်မြေသြဇာဈေးမြှင့်တက်မှုကြောင့် ရခိုင်မှပန်းစိုက်ပျိုးသူများ အခက်ခဲဖြစ်နေ

ဧပြီ ၂၈/ ၂၀၂၂ | ကြည့်ရှုသူ :5286
ရခိုင် သတင်း

သဥ္ဇာနွယ်
နိရဥ္စရာ၊ ဧပြီ ၂၇ / ၂၀၂၂
ရခိုင်ပြည်နယ်တွင် ဓာတ်မြေသြဇာဈေးနှုန်းမှာ ယခင်နှစ်ကထက်သုံးဆခန့် မြင့်တက်သွားမှုကြောင့် ပန်းစိုက်ပျိုးသူများ အခက်ခဲဖြစ်နေကြောင်းသိ၇သည်။
ထိုကဲ့သို့ ဈေးနှုန်းမြင့်တက်မှုကြောင့် ပန်းစိုက်ပျိုးရာတွင် အရင်းများကာ အမြတ်ငွေအရနည်းသည်ဟု စစ်တွေမြို့ပန်းစိုက်ပျိူးသူ ဒေါ်ခိုင်စံဝင်းက နိရဥ္စရာကိုပြောသည်။
" လုပ်လာတဲ့သက်တမ်းတလျှောက်မှာ ဒီနှစ်လောက် ပစ္စည်းတွေ ဈေးတက်တာ တခါမှ မတွေ့ဖူး သေးဘူး။ အရင်က ဓာတ်မြေသြဇာတစ်အိတ်ကို သုံးသောင်း လောက်ကနေ အခု တစ်သိန်းကျော် ဖြစ်သွားပြီ။ ပြီးတော့ ပန်းပင်မှာသုံးရတဲ့ ဆေးတွေ အကုန်ဈေးတက်တယ်။ အရင်းများပေမယ့် ပန်းဈေးကတင်လို့မရဘူး။ အရင်လိုပဲရောင်းရတယ်။ ပန်းဈေးကွက်မရှိတော့။ ပန်းဆိုတာ စပါးလိုမျိုး တာရှည်ခံသိမ်းထားလို့မရတော့ ။ အပွင့်လွန်သွားရင် မရောင်းလိုက်ရပဲ ဆုံးရှုံးသွားတာမျိုးရှိတယ်" ဟုပြောသည်။
ပန်းစိုက်ပျိုးရေးနှင့်ပတ်သက်ပြီး စိုက်ပျိုးသူများအနေဖြင့် အရင်နှစ်များထက် နည်းပညာ၊ အတွေ့အကြုံများ ရရှိလာခဲ့သော်လည်း ဓာတ်မြေဩဇာအပါအဝင် လိုအပ်သည့် အထောက်အကူပြု ပစ္စည်းများ ဈေးတက်မှုကြောင့် စိတ်ပျက်စရာ ဖြစ်လာ၇သည်ဟု ပန်းစိုက်ပျိုးသူများက ပြောသည်။
ပန်းစိုက်ပျိုးသူ ဒေါ်ဦးခင်သန်းက " ပန်းကို ရေလောင်းရင် စက်နဲ့တင်ရတယ်။ ဆီဈေးတွေကလည်း တက်တော့ စက်ကို နေ့တိုင်းသုံးဖို့ အဆင်မပြေဘူး။ မြေသြဇာဖိုးကလည်းတက်ဆိုတော့ ကျမတို့ လုပ်စားရတာတွေ အဆင် မပြေတော့ဘူး။ စားဝတ်နေရေးအတွက် စုထားတဲ့ပိုက်ဆံ ဓာတ်ဆီဖိုးအတွက် ထုတ်သုံးလိုက်ရတာတွေရှိတယ်။ ဒါကြောင့် ဒီပန်းစိုက်ပျိုးရေးက စပါးလောက်အရေး မကြီးပေမယ့် အစိုး၇ဘက်က ပန်းစိုက်သူတွေကို ချေးငွေဖြစ်ဖြစ်ထုတ်ပေးစေချင်တယ်"ဟုပြောသည်။
ရခိုင်ပြည်နယ်တွင် ယခင်ကပန်းများကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးခြင်းမရှိဘဲ ယခုနှစ်ပိုင်းတွင်မှ စီးပွားဖြစ် စိုက်ပျိုးလာကြရာတွင် ယခုလို ကုန်ဈေးနှုန်း ကြီးမြှင့်မှုနှင့် ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။ ပန်းများကို စစ်တွေ၊ကျောက်တော်၊မင်းပြား၊ သံတွဲ၊ တောင်ကုတ်၊ ကျောက်ဖြူနှင့် မြောက်ဦးတို့တွင် နေရာဒေသ အလိုက် စီးပွားဖြစ် စိုက်ပျိုးလျက်ရှိကြောင် သိ၇သည်။

#စိုက်ပျိုးရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.