English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
အမ်းမြို့နယ်မှ ရွာပေါင်း ၅၀ ကျော် ဆန်ရိက္ခာ သယ်ယူခွင့် စစ်တပ်က ပိတ်ပင်ထားဟုဆို
မေ ၁၀/ ၂၀၂၂ | ကြည့်ရှုသူ :9388
ရခိုင် သတင်း
နိရဥ္စရာ၊ မေ ၉/ ၂၀၂၂
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုရှိ ကျေးရွာပေါင်း ၅၀ ကျော်သည် ဆန်ရိက္ခာသယ်ယူခွင့် ပိတ်ပင်ခံနေရသည်ဟု သိ၇သည်။
အမ်းမြို့နယ်၊ ဒါးလက်ချောင်းအုပ်စုတွင်ရှိသော ကျေးရွာပေါင်း ၅၀ ကျော်ကို မေလ ၆ ရက်နေ့မှစတင်ကာ ဆန်တင်ပို့သော ကားလမ်းများနှင့် ရေလမ်းများကို စစ်ကောင်စီက ပိတ်ပင်တားမြစ်လိုက်သည်ဟု အမ်း ဒေသခံ ကိုမျိုးလွင်က နိရဥ္စရာကိုပြောသည်။
"သူတို့က ၂၀၂၀ တုန်း စစ်တပ်နဲ့ ရက္ခိုင့်တပ်တော်တို့ပဋိပက္ခဖြစ်တုန်းက တစ်ခါပိတ်ထားသေးတယ်။ ကားလမ်းရော၊ ရေကြောင်းရော။ အဲ့တုန်းကလည်း ရွာသားတွေ ထမင်းမစားရလို့ အသီးအရွက်ကိုပဲ စားရတယ်။ အခုလည်း ထပ်ပိတ်ခံလိုက်ရတယ်။ အဲ့ထဲမှာ မကြာသေးခင်က နေရပ်ပြန်ပို့တဲ့ စစ်ဘေးရှောင်တွေလည်းပါတယ်။ ဒီလိုလုပ်ရပ်က ပြည်သူတွေ အငတ်ဘေးနဲ့ကြုံတွေ့ပြီး အသက်အန္တရာယ်ပါ ထိခိုက်လာနိုင်တယ်" ဟုပြောသည်။
လက်ရှိတွင် ရှိသည့်ဆန်များကိုစားနေရပြီး မကြာမီအငတ်ဘေးဖြင့်ရင်ဆိုင်၇နိုင်သည်ဟုလည်း အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။
"အရင်ကလည်း ပိတ်ဖူးတယ်။ အရင်တုန်းက အဲ့လိုပိတ်ထားလို့ ညဘက်တွေ ရွာသားတွေ ဆန်တွေကိုသူတို့မသိအောင် သယ်ယူပို့ဆောင်တာတွေရှိတယ်။ သူတို့သိသွားလို့ သေနတ်နဲ့ပစ်သတ်ခံရတာတွေလည်းရှိတယ်။ ခုလည်း အဲ့လိုဖြစ်မှာ အရမ်းကြောက်မိတယ်" ဟုပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့အား ဆက်သွယ်ခဲ့သော်လည်း ဖုန်းပြန်လည်ဖြေခြင်းမရှိခဲ့ပါ။
ယခုဖြတ်တောက်ခံလိုက်ရသည့် ကျေးရွာပေါင်း ၅၀ ကျော်တွင် ချင်းလူမျိုး ၇၀ ရာခိုင်နှုန်းနှင့် ၇ခိုင်လူမျိုး ၃၀ ရာခိုင်နှုန်း နေထိုင်လျက်ရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
(NN-9)
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.