Preview

စစ်တွေတွင် ယာဉ်မတော်တဆဖြစ်၍ အမျိုးသား ၂ ဦးသေဆုံး

မေ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :1300
ရခိုင် သတင်း
နိရဥ္စရာ၊ မေ ၁၀/ ၂၀၂၂
၇ခိုင်ပြည်နယ် စစ်တွေမြို့တွင် ယာဉ်မတော်တဆဖြစ်၍ အမျိုးသား ၂ ဦး သေဆုံးသွားခဲ့ကြောင်း သိ၇သည်။
အဆိုပါအမျိုးသားနှစ်ဦးမှာ အသက် ၃၀ အရွယ်နှင့် ၄၀ အရွယ်ဝန်းကျင်ဖြစ်ပြီး ယမန်နေ့ မေလ ၉ ရက် ည ၁၁ နာရီကျော်တွင် စစ်တွေမြို့ ပြည်တော်သာရပ်ကွက်ရှိ မူလွန် အ.မ.က (၁၅)ရှေ့၌ ၎င်းတို့ မောင်းလာသည့် ကားမှာ အရှိန်မထိန်းနိုင်၍ ပလပ်ဖောင်းအောက်လမ်းဘေးသို့ ထိုးကျသွားခဲ့သည့်အတွက် ပြင်းထန်ဒဏ်ရာများရရှိခဲ့ကာသေဆုံးသွားခြင်းဖြစ်ကြောင်း သွားရောက်ကူညီပေးခဲ့သည့် ရွှေရောင်မေတ္တာဖောင်ဒေးရှင်းမှ ယာဉ်မောင်း ကိုဒေးဗစ်က ပြောသည်။
"တစ်ယောက်က ဆေးရုံပို့နေတဲ့ အချိန်မှာ ဆုံးသွားတာ။ နောက်တစ်ယောက်က ဆေးကုသခံနေရင် ဆုံးသွားတာပါ။ ဘယ်သူဘယ်ဝါဆိုတာကို မသိ၇သေးပါဘူး"ဟု ယနေ့နံနက်က ပြောသည်။
သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းအား စစ်တွေဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိ၇သည်။
၇ခိုင်တွင် ၂၀၂၁ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် သေဆုံးသူပေါင်း ၁၂၃ ဦးအထိရှိခဲ့ပြီး ဒဏ်ရာရရှိသူပေါင်း ၂၈၇ ဦး အထိရှိခဲ့ကြောင်း ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့စာရင်းများအရ သိ၇သည်။
NN - 5
ပုံ- ရွှေရောင်မေတ္တာဖောင်ဒေးရှင်း၊ Tin Nyein Oo Facebook

#ယာဉ်မတော်တဆ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.