English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
လျှစ်မီးပြတ်၍ မြို့ပေါ်လူထု မီးဖိုချောင်အတွက်မီးသွေးအသုံးများလာရာမှ ရခိုင်တွင်သစ်တောများပြုန်းတီးမှုများလာ
မေ ၁၁/ ၂၀၂၂ | ကြည့်ရှုသူ :9359
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၁၁/ ၂၀၂၂
လျှပ်စစ်မီး မကြာခဏပြတ်တောက်မှု၊ တခါပြတ်လျှင် လေးငါးနာရီ အချိန် အကြာကြီး ပြတ်တောက်မှုများကြောင့် လျှပ်စစ်မီးနှင့် ချက်ပြုတ်ရေး အဆင်မပြေရာမှ မြို့ပေါ်လူထုအနေဖြင့် မီးဖိုချောင်အတွက် မီးသွေးကို ပိုမို အသုံးပြုလာကြသဖြင့် တစ်ဖက်တွင် သစ်ပင်များကို ခုတ်ပြီး မီးသွေး ထုတ်လုပ်မှုလည်း တိုးလာနေ၍ ၇ခိုင်တွင် သစ်တောပြုန်းတီးမှုမှာ ယခင်ကထက် ပိုမို များပြားလာသည်ဟု သဘာ၀ပတ်ဝန်းကျင် အရေး လှုပ်ရှားသူများက ပြောဆိုသည်။
မီးသွေးကို ယခင်ကနယ်ကဒေသခံများသာ ပိုအသုံးများနေရာမှ လက်ရှိတွင် မြို့ပေါ်ဒေသခံများပါ ပိုမိုသုံးစွဲမှုများလာသဖြင့် မီးသွေးထုတ်လုပ်မှု ပိုများလာကြောင်း၊ ယခုကဲ့သို့ အသုံးများလာ၍ မီးသွေးထုတ်လုပ်မှုလည်း တိုးလာသဖြင့် သစ်တောများပြုန်းတီး၍ သဘာ၀ပတ်ဝန်းကျင် ထိခိုက်မှု များလာကြောင်း၊ အတတ်နိုင်ဆုံး လျှပ်မီးပုံမှန်ရရှိရေးကို ဆောင်ရွက် သင့်ကြောင်း၊ ရခိုင်ရှိ ကျေးရွာများကိုလည်း လျှပ်စစ်မီး တိုးရရှိအောင် ဆောင်ရွက်သင့်ကြောင်း၊ ထင်းမီးသွေးအစား တခြား အစားထိုး လောင်စာများကိုသုံးစွဲလာနိုင်မှ ၇ခိုင်တွင် သစ်တောပြုန်းတီးမှုကို ကာကွယ် နိုင်မည်ဖြစ်ကြောင်း အမ်းမြို့နယ်မှ သဘာ၀ပတ်ဝန်းကျင်အရေးလှုပ်ရှားသူ ကိုမျိုးလွင်ကပြောသည်။
" မီးသွေးတွေကို တကယ်တမ်းဆိုရင် မြို့ကလူတွေက ပိုသုံးစွဲနေကြတယ်။ ဘာလို့လဲဆိုတော့ လျှပ်စစ်မီးမကြာခဏပြတ်တာကြောင့် ဖြစ်ပါတယ်။ စားသောက်ဆိုင်တွေမှာဆိုရင်လည်း လျှပ်စစ်မီး ပြတ်တောက်တာ များလာတာကြောင့် လျှပ်စစ်မီးထက် မီးသွေးကိုပိုပြီးသုံးစွဲလာတယ်။ ဒါကြောင့် မီးသွေးထုတ်လုပ်သူတွေတိုးလာတော့ တောပြုန်း၊ တောင်ပြုန်းတွေအထိ ဖြစ်လာတယ်။ သဘာ၀ပတ်ဝန်းကျင်ထိခိုက်လာနေတယ်။ ဒါကြောင့် လျှပ်စစ်မီး ပုံမှန်ရရှိရေးနဲ့ မီးသွေးအစား အစားထိုး လောင်စာတွေ ထုတ်လုပ် လာနိုင်အောင် အစိုး၇ကထောက်ပံ့မှုတွေပြုလုပ်သင့်တယ်" ဟု ၎င်းက ပြောသည်။
မီးသွေးထုတ်လုပ်သူများအနေဖြင့် မြို့နယ်အများအပြားရှိ တောတောင်များမှ သစ်ပင်ကြီးများသာမက အရွယ်ရောက်စသစ်ပင်ငယ်များကို ခုတ်လှဲပြီး ထုတ်လုပ်နေကြသဖြင့် သစ်တောမည်မျှ ပြုန်းတီး ပျက်စီးနေသည်ကို စာရင်းကောက်ယူရန် မလွယ်ကူနိုင်ကြောင်း၊ သို့သော်လည်း လက်ရှိ မီးသွေးထုတ်လုပ်မှုကို ကြည့်ပြီး သစ်တောများယခင်ကထက် ပြုန်းတီး နေသည်ကို သိရှိနိုင်ကြောင်း ကိုမျိုးလွင်က ရှင်းပြပြောဆိုသည်။
လက်ရှိ ရခိုင်ပြည်နယ်မြို့နယ်အနှံ့အပြားတွင် မီးသွေးများ ရောင်းအား တက်လာပြီး မီးသွေးဖုတ်သူနှင့် မီးသွေးအရောင်းဆိုင်များလည်း တိုးလာသဖြင့် စီးပွားရေး ပြိုင်ဆိုင်နေရသည်ဟု မင်းပြားမြို့နယ်၊ ရွှေကျန်ကျေးရွာမှ မီးသွေးရောင်းချသူ မမျိုးမျိုးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
" မီးသွေးတွေတော့ အရင်ကထက် ဆယ်ဆလောက် ရောင်းအား ကောင်းလာတယ်။ ခုဆိုရင် မီးတွေ ခဏခဏပြတ်လို့ မီးသွေးနဲ့ သုံးတဲ့သူတွေ များလာတယ်။ ဒါပေမယ့် တဖက်မှာ မီးသွေးရောင်းတဲ့ ဆိုင်တွေ အပြိုင်ပေါ် လာတော့ ရောင်းအားကတော့ အရင်လောက် မကောင်းဘူး။ မီးသွေးလည်း ထုတ်လုပ်သူများလာတော့ ဈေးကလောလောဆယ် ငြိမ်နေတယ်။ ကျွန်မတို့ကတော့ မီးသွေးရောင်းပြီး လုပ်စား၇တာဆိုတော့ ဒီဈေးကွက်မှာ အမြတ်များများနဲ့ အဆင်ပြေစေချင်တာပေါ့" ဟုပြောသည်။
မီးသွေးကို ရခိုင်ပြည်နယ်မှ မင်းပြား၊ မြေပုံ၊ အမ်း၊ ကျောက်တော်၊ ရသေ့တောင်၊ ပေါက်တောနှင့် စစ်တွေ စသည့် မြို့နှယ်တို့တွင် ထုတ်လုပ်သုံးစွဲမှု များပြား လျက်ရှိကြောင်း သိ၇သည်။(NN-9)
(Photo by CEDA. ORG)
#သဘာဝသယံဇာတ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.