English Edition
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ANP ဗဟိုကော်မတီအစည်းအဝေးကို ဂွတွင် ၂ ရက်ကြာကျင်းပမည်
မေ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :10526
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၁၁/ ၂၀၂၂
၇ခိုင်အမျိုးသားပါတီ(ANP) ဗဟိုကော်မတီအစည်းအဝေးကို မေလ ၁၂ ရက်နေ့မှ ၁၃ ရက်အထိ ၂ ရက်တာ ဂွမြို့ရှိ ANP ပါတီရုံးတွင် ကျင်းပ သွားမည်ဟု သိ၇သည်။
လက်ရှိမြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေးအခင်းအကျင်းများနှင့် ပတ်သက်၍လည်းကောင်း၊ UPDJC တွင် အမြဲတမ်းအဖွဲ့ဝင်အဖြစ် ပါဝင်နေသည့်ကိစ္စရပ်များနှင့်ပတ်သက်၍လည်းကောင်း ဆွေးနွေးသွားမည်ဟု အကြမ်းဖျင်းပြောဆို၍ရကြောင်း ပါတီဗဟိုကော်မတီဝင်လည်းဖြစ်၊ မူဝါရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်သည့် ဦးထွန်းအောင်ကျော်က ပြောသည်။
"အခုဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းများထဲမှာ ANP အနေနဲ့ ဘယ်လို ဆက်လက်ဆောင်ရွက်မလဲ။ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ဖြစ်တဲ့ UPDJC မှာ ANP ပါဝင်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ အဲဒါကို ဗဟိုကော်မတီ အစည်းအဝေးမှာ ထပ်ဆင့်လို့ အတည်ပြုနိုင်ဖို့အတွက် အစီအစဉ် ပါနိုင်တယ်"ဟု ပြောသည်။
ဗဟိုကော်မတီအစည်းအဝေးဖြစ်သည့်အတွက် ဗဟိုကော်မတီဝင်များ အားလုံးကို ဖိတ်ခေါ်ထားသည်ဟုလည်း ပြောသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့၌ကျင်းပခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် မူဝါဒရေးရာ ဦးဆောင်ကော်မတီများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များက ပါတီနှင့်ကင်းကွာနေကြသည့် ပုဂ္ဂိုလ်အချို့ကို ပါတီ တာဝန်အား ဆက်လက်ထမ်းဆောင်လိုစိတ် ရှိ၊မရှိ မေးမြန်ကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိ၇သည်။
ယင်းသို့မေးမြန်းခဲ့သော်လည်း ပါတီနှင့်ကင်းကွာနေသူများက အကြောင်းပြန်ကြားမှုမရှိခဲ့ဟုလည်း သိ၇သည်။(NN -11)
ဓာတ်ပုံ - Thein Shwe Moe
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.