English Edition
အင်္ဂါနေ့၊ ဇန်နဝါရီလ ၂၁ရက်၊ ၂၀၂၅
လှူရန်
Preview
မွတ်စလင်ကျောင်းသားများအရေးဆောင်ရွက်နိုင်ရေး အာရကန်မွတ်စလင်ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်း
မေ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :9125
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၁၁/၂၀၂၂
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်အတွင်းရှိ မွတ်စလင်ကျောင်းသားများအရေးကိစ္စကို ပိုမိုကျယ်ပြန့်စွာဆောင်ရွက်နိုင်ရန်အတွက် အာရကန်မွတ်စလင်ကျောင်းသားများသမဂ္ဂ(မောင်တောခရိုင်)ကို ဖွဲ့စည်းတည်ထောင်လိုက်ကြောင်း သိ၇သည်။
အဆိုပါသမဂ္ဂကို ယမန်နေ့ မေလ ၁၀ ရက်တွင် အခြေခံမူ ၆ ချက်ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
အဆိုပါအခြေခံမူ ၆ ချက်မှာ မောင်တောခရိုင်အတွင်းရှိ အစ္စလာမ်ဘာသာဝင် ကျောင်းသား၊ ကျောင်းသူများ၏ ပညာရေး၊ အခွင့်အရေးနှင့် အခွင့်အလမ်းများအား ပိုမိုထိရောက်စွာ ဆောင်ရွက်ရန်၊ မွတ်စလင်ကျောင်းသားများအနေဖြင့် ဒေသတွင်း တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရန်အတွက် သက်ဆိုင်ရာအသီးသီးတို့နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ ဒေသတွင်းကျောင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ပညာရေး၊ ကျောင်းသားအရေးကိစ္စများ ဆောင်ရွက်ရန်၊ ခွဲခြားဆက်ဆံမှုများ ပပျောက်ပြီး အာရကန်(ရခိုင်ပြည်နယ်)အတွင်းရှိ လူမျိုး၊ ဘာသာမတူသည့် ကျောင်းသားလူငယ်များကြား ချစ်ကြည်ရင်းနှီးမှု ဖြစ်ပေါ်လာရေး ဆောင်ရွက်ရန်၊ မတူကွဲပြားခြားနားသည့် ကျောင်းသားလူငယ်များအကြား ငြိမ်းချမ်းစွာအတူ လက်တွဲပြီး အဆုံးတိုင်ပညာဆည်းပူးနိုင်ရန်နှင့် မူဆလင်ကျောင်းသားများ၏ ဉာဏ်ပညာ၊ လုပ်အားတို့နှင့် ရပ်ရွာအကျိုးသယ်ပိုးရန်တို့ဖြစ်သည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး အာရကန်မွတ်စလင်ကျောင်းသားများသမဂ္ဂ(မောင်တောခရိုင်)ကို ဆက်သွယ်နေဆဲဖြစ်သည်။
ယခုကဲ့သို့ ဖွဲ့စည်းသည့်အပေါ်တွင် ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂမှ ဗဟိုကော်မတီအဖွဲ့ဝင် ကိုကျော်နိုင်ဌေးက "တကယ့်တကယ် ရခိုင်ပြည်မှာရှိတဲ့လူတွေအတွက် အလုပ်လုပ်မယ်ဆိုရင်တော့ ကောင်းပါတယ်။ ကျောင်းသူ၊ ကျောင်းသားတွေအတွက် လုပ်ပေးဆောင်ရွက်ပေးဖို့ဆိုရင်တော့ ကောင်းတယ်ပေါ့နော်။ အဲလိုမျိုးလုပ်နိုင်ရင်တော့ ကောင်းတယ်ပေါ့နော်။ မလုပ်နိုင်ဘဲနဲ့ အသင်းအဖွဲ့အစည်းတွေဖွဲ့ပြီးတော့ ဘာမှအရာမရောက်ရင်တော့ အသင်းအဖွဲ့အစည်းနာမည်ပဲရှိပြီးတော့ ပြည်သူတွေအတွက် အလုပ်မလုပ်နိုင်ရင် ဘာမှမထူးဘူးလို့ပေါ့။ အမှန်တကယ်အဖွဲ့ဖွဲ့ရင်တော့ အများကြီးအလုပ်လုပ်၇မယ်လို့ မြင်တယ်" ဟုပြောသည်။
၇ခိုင်တွင် ၂၀၁၂ ခုနှစ် ပဋိပက္ခများဖြစ်အပြီးမှစတင်ကာ တက်က္ကသိုလ်တက်ခွင့်မ၇ခဲ့ကြသည့် မွတ်စလင်များအနေဖြင့် ၁၀ နှစ်အကြာ ယခုနှစ်မှစတင်၍ စစ်တွေတက္ကသိုလ်သို့ တက်ရောက်ပညာသင်ကြားခွင့်ရရှိနေပြီဟုလည်း သိ၇သည်။ (NN -
#ကျောင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.