English Edition
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၁၆ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်တော် ၃၇၅ တပ်ရင်းအနီးမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ် ၍ ဒေသခံများစိုးရိမ်
မေ ၁၂/ ၂၀၂၂ | ကြည့်ရှုသူ :2124
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၁၁/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် လမ်းမတော်ကျေးရွာအနီး အခြေစိုက်သည့် ၃၇၅ တပ်ရင်းအနီးမှ ပေါက်ကွဲသံတစ်ခုထွက်ပေါ်ခဲ့ကြောင်း ဒေသခံများ၏ပြောပြချက်အရ သိ၇သည်။
ယနေ့ မေလ ၁၁ ရက်နေ့ ညနေ ရ နာရီခန့်က ပေါက်ကွဲသံကျယ်လောင်စွာကြားခဲ့ရပြီး ပေါက်ကွဲမှုနှင့်ပတ်သက်၍ ဖြစ်စဉ်အတိအကျကိုမသိရသေးကြောင်း လမ်းမတော်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြိုင်က နိရဉ္စရာကိုပြောသည်။
"အသံကမနည်းကျယ်တယ်။ ဘယ်ဘက်ကပေါက်တယ်ဆိုတာ အတိအကျတော့မသိရသေးဘူး။ ဘာပေါက်ကွဲတာလဲဆိုတာလဲ ဘာမှမကြား၇သေးဘူး"ဟု ပြောသည်။
လမ်းမတော်ကျေးရွာ ပတ်လည်တွင် စစ်တပ်တပ်ရင်းများတပ်စွဲထားပြီး ပေါက်ကွဲသံမှာ ၃၇၅ တပ်ရင်းတပ်စွဲထားသည့် တောင်တန်းနားကဟု ခန့်မှန်း၇ကြောင်း သူက ဆက်ပြောသည်။
"စစ်တပ်က ရွာအရှေ့ဘက်မှာ အားလုံးပြည့်နေတာ။ တပ်ရင်းဆိုတာ ရွာကိုပိတ်ပြီးရှိနေတာ။ ငါတို့ရွာ အနောက်ဘက် ၂ မိုင်လောက်မှာက အားလုံးတပ်ပဲ။ အဲ့ဘက် တောင်တန်းက ကြား၇တာပဲ"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ကျောက်တော်မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းကိုဆက်သွယ်ခဲ့သော်လည်း ခရီးလွန်နေ၍ မသိသေးဟု ပြောသည်။
လက်ရှိတွင် ပေါက်ကွဲသံကြောင့် ဒေသခံများအကြား စိုးရိမ်နေကြသည်ဟု သိ၇သည်။
#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.