English Edition
ကြာသပတေးနေ့၊ ဇူလိုင်လ ၁၀ရက်၊ ၂၀၂၅
လှူရန်
Preview
ဘူးသီးတောင်တွင် မူဆလင်ရွာသားနှစ်ဦးကို AA ကို သတင်းပို့သည့် သံသယဖြင့် စစ်တပ်က (၁၀) ရက်တိတိ ဖမ်းဆီးထိန်းသိမ်း ထားခဲ့ဟုဆို
မေ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :8686
ရခိုင် သတင်း
နိရဥ္စရာ ၊မေ ၁၂/၂၀၂၂
စစ်ကောင်စီတပ်ဖွဲ့တစ်ခုက ရက္ခိုင့်တပ်တော်(AA) ဆက်စပ်သံသယဖြင့် ဘူးသီးတောင်မြို့နယ်၊ စိမ့်ညှင်းပြားကျေးရွာမှ မူဆလင် ၂ ဦးကို ဖမ်းဆီးပြီး ၁၀ ရက်အကြာမှ ပြန်လွှတ်ပေးလိုက်သည်ဟု ကာယကံရှင်များကပြောကြားသည်။
၁၀ ရက်ကြာ ဖမ်းဆီးခံခဲ့ရပြီးနောက် ပြန်လွတ်လာသူ နှစ်ဦးမှာ ဘူးသီးတောင်မြို့နယ်၊ စိမ့်ညှင်းပြား ကျေးရွာမှ ဦးရွှေမောင်နှင့် ဦးအီစမန်တို့ ဖြစ်ကြသည်။
သူတို့နှစ်ဦးကို ဧပြီလ ၃၀ ရက်နေ့တွင် တပ်မတွင် ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး တပ်ရင်း ၂၃၄သို့ ထပ်မံပြောင်းရွှေ့ကာ ၁၀ ရက်ကြာ စစ်ဆေး မေးမြန်း ပြီးနောက် မေလ ၁၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း စိမ့်ညှင်းပြား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆီးဒီးအာမောက်က နိရဉ္စရာသတင်းဌာန ကိုပြောသည်။
၁၀ ရက်ကြာ ဖမ်းဆီးခံခဲ့ရပြီး လွတ်မြောက်လာသူ ဦးရွှေမောင်က "အာဆာနဲ့ ပတ်သတ်တဲ့ သတင်းတွေကို အေအေကို သတင်းပေးတယ်ပေါ့။ ငါတို့ကို ကျတော့ မင်းတို့ သတင်း မပေးဘူးဆိုပြီး စွပ်စွဲပြောဆိုပါတယ်။ ကျွန်တော်တို့က ရက္ခိုင့်တပ်တော်ကို သတင်းလည်း မပေးဘူး။ တွေ့လည်း မတွေ့ဘူး။ သူတို့ အေအေက ကျွန်တော်တို့ဆီက အကူညီတောင်းတာလည်း မရှိဘူး။ သတင်း မေးတာလည်း မရှိဘူးလို့ဖြေလိုက်တယ်"ဟု ပြောသည်။
သူတို့အနေဖြင့် မည်သူ့ကို ဆက်သွယ် သတင်းပေးမှု မရှိကြောင်း ပြောဆိုပြီးနောက်ပိုင်း ပြန်လည်လွှတ်ပေးခဲ့သည်ဟု ၎င်းက ပြောကြားသည်။
မေလ ၁၂ ရက်နေ့ကလည်း စိမ့်ညှင်းပြားကျေးရွာမှ အာဆာနှင့် အဆက်အသွယ် ရှိသည်ဟု သံသယရှိသူ ၄ ဦးကို စစ်တပ်က ခေါ်ယူ သတိပေးမှုများရှိခဲ့သည်ဟု သတင်းရရှိသည်။ (NN-7)
(Photo By BBC)
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.