English Edition
စနေနေ့၊ ဇူလိုင်လ ၁၂ရက်၊ ၂၀၂၅
လှူရန်
Preview
မောင်တောမြို့ပေါ်တွင် ယမန်နေ့ညကလုံခြုံရေးတင်းကျပ်ပြီး စစ်ကားများဖြင့် လှည့်လည်မှုရှိခဲ့ဟုဆို
မေ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :8364
ရခိုင် သတင်း
နိရဥ္စရာ ၊ မေ ၁၃/၂၀၂၂
၇ခိုင်ပြည်နယ် အနောက်ဘက်နယ်စပ် မောင်တောမြို့ပေါ်တွင် ယမန်နေ့ မေ ၁၂ ရက် ညက လုံခြုံရေး တင်းကျပ်ပြီး အနည်းဆုံးစစ်ကား၅စီးဖြင့် မြို့ပေါ် လမ်းများကို လှည့်လည်မှုများရှိခဲ့သည်ဟု ဒေသခံများက ပြောကြားသည်။
“ စစ်တပ်ပါ ရဲပါပေါင်းလို့ ကား ၅ စီး မြင်လိုက်တယ်။ တစ်စီးမှာ အင်အား ၂၀ လောက်တော့ပါမယ်။ ည ၈ နာရီကျော်ကနေ လှည့်တာ။ ကင်းလှည့်တဲ့ ပုံစံမျိုးပေါ့။ မြို့ထဲကနေ မမိုးလင်းတော့ နစက ဌာနချုပ်ဘက်ကို ပြန်သွားတယ်လို့ သိ၇တယ်"ဟု အမည်မဖော်လိုသူ မောင်တောမြို့ခံတစ်ဦးက ပြောသည်။
ယခင်နေ့များက ညအချိန် မောင်တောမြို့ပေါ်တွင် စစ်ကားများလှည့်လည်ခြင်း မရှိသဖြင့် ယခုကဲ့သို့ စစ်ကားများ မောင်တောမြို့ထဲ လှည့်လည်သွားလာခြင်းမှာ မင်းပြားမြို့တွင် အေအေနှင့် စစ်တပ် အကြား တင်းမာမှုများကြောင့် ဖြစ်နိုင်သည်ဟု တစ်ခြားမြို့ခံတစ်ဦးက သုံးသပ်ပြောကြားသည်။
" မောင်တောမြို့ထဲမှာက စစ်တပ် တပ်စွဲထားတာ မရှိဘူးလေ။ မနေ့က ညဘက်လာပြီး ကင်းလှည့်တာ။ အရင်နေ့တွေကမရှိဘူး။ မနေ့ကမှ ပတ်တာဆိုတော့ မင်းပြားဘက်မှာ တင်းမာနေလို့ထင်တယ်"ဟု ပြောသည်။
စစ်ကောင်စီက မောင်တောတွင် လုံခြုံရေးတင်းကျပ်မှုများရှိလာခြင်းအပေါ် မောင်တော်မြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်အုန်းက "ဒါတွေဟာ ဘာလို့လည်းဆိုရင် ပြည်သူကို ယုံကြည်မှုမရှိလို့လို့ မြင်တယ်။ မောင်တောမှာက ညဘက်တွေဆို မီးကလည်းမရဘူး။ အဲ့ဒီအချိန်မှာ သူတို့ တစ်ခုခု သတင်းရလို့ လှုပ်ရှားတာလို့ မြင်တယ်လေ"ဟု ပြောသည်။
မင်းပြားမြို့တွင်လည်း ယမန်နေ့ မေလ ၁၂ ရက်နေ့က မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ကြား နှစ်ဘက် စစ်ရေးတင်းမာမှုနှင့် တစ်ဘက်ကို တစ်ဘက် အနီးကပ် စောင့်ကြည့်သည့် အနေအထားသို့ ရောက်ရှိခဲ့သည်ဟု သိ၇သည်။ (NN-7)/
ယခင် ဓာတ်ပုံဟောင်း-Photo by DVB
#နယ်စပ်ရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.