English Edition
အင်္ဂါနေ့၊ ဇူလိုင်လ ၀၁ရက်၊ ၂၀၂၅
လှူရန်
Preview
ဂွတွင် ကျင်းပခဲ့သည့် ANP ဗဟိုကော်မတီအစည်းအဝေး ယနေ့ပြီးဆုံး
မေ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :1752
ရခိုင် သတင်း
နိရဉ္ဇရာ၊ မေ ၁၃/ ၂၀၂၂
၇ခိုင်အမျိုးသားပါတီ(ANP) ဗဟိုကော်မတီအစည်းအဝေးကို မေလ ၁၂ ရက်နေ့မှ ၁၃ ရက်အထိ ဂွမြို့ရှိ ANP ပါတီရုံးတွင် ၂ ရက်ကြာ ကျင်းပခဲ့ကြောင်း သိ၇သည်။
အဆိုပါအစည်းအဝေးတွင် ပါတီရေးရာကိစ္စများ၊ လက်ရှိ ANP ၏ မြို့နယ်အသီးသီးတွင်ဖြစ်ပေါ်နေသော အခြေအနေများနှင့် မြို့နယ်ပါတီအသီးသီးတို့၏ ရေးရာကိစ္စများကို ဆွေးနွေးခဲ့ကြကြောင်း ပါတီဗဟိုကော်မတီဝင်လည်းဖြစ်၊ မူဝါဒရေးရာဦးဆောင်ကော်မတီဝင်လည်းဖြစ်သည့် ဦးထွန်းအောင်ကျော်က ပြောသည်။
"ဒီနေ့မှာတော့ လက်ရှိနိုင်ငံရေးအခြေအနေတွေနဲ့ အထွေထွေကိစ္စတွေအပါအဝင် ရှေ့လုပ်ငန်းစဉ်တွေကို ဆက်ပြီးဆွေးနွေးခဲ့ပါတယ်"ဟု ပြောသည်။
ဗဟိုကော်မတီအစည်းအဝေးဖြစ်သည့်အတွက် ဗဟိုကော်မတီဝင်များ အားလုံးကို ဖိတ်ခေါ်ခဲ့ကြောင်းလည်း သိ၇သည်။
ယခုအစည်းအဝေးဆုံးဖြတ်ချက် ရလဒ်များနှင့်ပတ်သက်၍ ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှအား မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မ၇ခဲ့ပါ။
ပြီးခဲ့သည့် မတ် ၆ ရက်နေ့၌ကျင်းပခဲ့သည့် ဗဟိုကော်မတီအစည်းအဝေးတွင် မူဝါဒေရးရာ ဦးဆောင်ကော်မတီများ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များ၊ ဗဟိုကော်မတီဝင်များက ပါတီနှင့်ကင်းကွာနေကြသည့် ပုဂ္ဂိုလ်အချို့ကို ပါတီ တာဝန်အား ဆက်လက်ထမ်းဆောင်လိုစိတ် ရှိ၊ မရှိ မေးမြန်ကြရန် ဆုံးဖြတ်ခဲ့ကြသည်ဟု သိ၇သည်။
ယင်းသို့မေးမြန်းခဲ့သော်လည်း ပါတီနှင့်ကင်းကွာနေသူများက အကြောင်းပြန်ကြားမှုမရှိခဲ့ဟုလည်း သိ၇သည်။(NN -8)
(Photo by U Tin Nyo)
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.