Preview

ကျောက်ဖြူရှိ ကျောက်တစ်လုံးမူဆလင်ကယ်ဆယ်ရေးစခန်းနေရာသစ် မိုးရွာသည်နှင့် ရေနစ်မြုပ်

မေ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :9378
ရခိုင် သတင်း

နိရဉ္စရာ၊ မေ ၁၃/၂၀၂၂
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ကျောက်တစ်လုံးတွင် မူဆလင် ဒုက္ခသည်များ အတွက် တည်ဆောက်နေသည့် ကယ်ဆယ်ရေးစခန်းသစ်မှာ မိုးစတင်ရွာသွန်း ပြီးနောက် ရေနစ်မြုပ်နေကြောင်း သိ၇သည်။
မေလ ၁၁ ရက်နေ့ကရွာသွန်းခဲ့သည့်မိုးကြောင့် ကျောက်တစ်လုံး မူဆလင် ကယ်ဆယ်ရေးစခန်းနေရာသစ်ဆောက်လုပ်နေသည့်နေရာတွင် ရေနစ်မြုပ်နေကြောင်း ကျောက်တစ်လုံးကျေးရွာဥက္ကဋ္ဌ ဦးမောင်နီက နိရဉ္စရာကိုပြောသည်။
"၁၁ ရက်နေ့ကနေ မိုးရွာခဲ့လို့ ရေတွေပြည့်နေပါတယ်။ လူကတော့ မနေရသေးဘူး။ စခန်းကမပြောင်းရသေးလို့လေ။ လမ်းလည်းမရှိ။ မီးလည်းမရှိသေးလို့ လူမနေကြသေးဘူး"ဟု ပြောသည်။
စခန်းရေနစ်မြုပ်နေမှုကို မြို့နယ်အုပ်ချုပ်ရေးမှူးအား အကြောင်းကြား၍ ယမန်နေ့ မေလ ၁၂ ရက်နေ့က ဌာနဆိုင်ရာလူကြီးများ လာရောက် ကြည့်ရှုခဲ့ကြောင်း ၄င်းက ဆက်ပြောသည်။
"သူတို့က ရေမတင်၇အောင် လုပ်ပေးမယ်လို့ပြောတယ်"ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်၍ ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်ခဲ့ရာ ဆက်သွယ်၍ မ၇ခဲ့ပါ။
ကျောက်တစ်လုံးကယ်ဆယ်ရေးစခန်းသည် ၂၀၁၂ ခုနှစ်အရေးအခင်း အပြီးတွင် စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ကျောက်ဖြူမြို့ ပိုက်ဆိပ်မှ မူဆလင်အများ စုနေထိုင်နေသော ကယ်ဆယ်ရေးစခန်းတစ်ခုဖြစ်သည်။
ယင်းစခန်းတွင် လူဦးရေ ၁၅၃၂ ဦးရှိပြီး ကယ်ဆယ်ရေးစခန်းအဖြစ်မှ ဖျက်သိမ်းကာ စခန်းအနောက်ဘက်ရှိမြေတွင် အစိုး၇က နေအိမ်များ ဆောက်လုပ်နေခြင်းဖြစ်သည်။
နေအိမ် ၃၆၈ လုံးဆောက်လုပ်နေခြင်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးသည့် နေအိမ်အလုံး ၆၀ ၊ ပြီးစီးခါနီးနေအိမ် ၄၇ လုံးနှင့် ကျန်ရှိသည့်နေအိမ်များကို ဆောက်လုပ်နေဆဲဖြစ်ကြောင်း သိ၇သည်။
ဆောက်လုပ်နေဆဲဖြစ်သည့်အတွက် စခန်းနေရာသစ်သို့ ပြောင်းရွှေ့ရန် ကြာဦးမည်ဟု ကျောက်တစ်လုံးဥက္ကဋ္ဌက ပြောသည်။
(NN-7)

#ဒုက္ခသည်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.