English Edition
ကြာသပတေးနေ့၊ ဇူလိုင်လ ၀၃ရက်၊ ၂၀၂၅
လှူရန်
Preview
UNHCR က မဟာမုနိစစ်ရှောင်စခန်းမှမီးဘေးဒုက္ခသည်များကိုကူညီ
မေ ၁၇/ ၂၀၂၂ | ကြည့်ရှုသူ :2055
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၁၃/၂၀၂၂
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံ (UNHCR) မှ ကျောက်တော် မြို့နယ် မဟာမုနိစစ်ဘေးရှောင်စခန်းမှ မီးဘေးဒုက္ခသည် ပြည်သူများကို ကူညီထောက်ပံ့ခဲ့ကြောင်း သိ၇သည်။
UNHCR ၏ ထုတ်ပြန်ချက်အရ မီးလောင်မှုဖြစ်ပွားပြီးပြီးချင်း၌ပင် UNHCR မြန်မာအနေဖြင့် အရေးပေါ် တုံ့ပြန်ကူညီဆောင်ရွက်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရေးအတွက် မိတ်ဖက် အဖွဲ့အစည်း အသီးသီးတို့နှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး၊ မီးဘေးသင့်မိသားစုများအတွက် ဖျာများ၊ စောင်များ၊ မီးဖိုချောင်သုံးပစ္စည်းစုံများ၊ တစ်ကိုယ်ရည် သန့်ရှင်းရေး သုံးပစ္စည်းစုံများ၊ ဆိုလာမီးအိမ်နှင့် တာပေါ်လင်စများအစရှိသည့် အရေးပေါ် ကယ်ဆယ်ပစ္စည်းများအား ပံ့ပိုး ကူညီပေးအပ်ခဲ့ပါသည်ဟု ဖော်ပြသည်။
သို့သော်လည်း လှူဒါန်းသည့်ပစ္စည်းများ၏ တန်ဖိုးငွေကြေးပမာဏကို UNHCR က ထုတ်ပြန်ဖော်ပြထားခြင်းမရှိပေ။
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်ရှိ မဟာမုနိနေရပ်စွန့်ခွာ စစ်ဘေးရှောင် စခန်းတွင် မေလ ၉ ရက်နေ့ နံနက်ပိုင်း ညဉ့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ရာ ခိုလှုံရာနေအိမ်အလုံး ၂၆၂ လုံး ပျက်စီးခဲ့ပြီး လူပေါင်း ၁၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့၇သည်။ (NN-15)
(Photo by UNHCR)
#စစ်ဘေးရှောင်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.