English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှ အကြမ်းဖက်မှုများရပ်တန့်ရန်နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးရန် မြန်မာကိုတိုက်တွန်း
မေ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :7826
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၁၅/ ၂၀၂၂ (မြန်မာ-အာဆီယံရေးရာ)
အမေရိကန်-အာဆီယံဆက်ဆံရေး ၄၅ နှစ်မြောက်အထိမ်းအမှတ်အနေဖြင့် ၂ ရက်တာ ကျင်းပခဲ့သည့် အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေး အပြီး သဘောထား တစ်စောင် ထုတ်ပြန်ရာတွင် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို နက်နက်ရှိုင်းရှိုင်း စိုးရိမ် ပူပန်ကြောင်းနှင့် မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုများ အားလုံးချက်ချင်း ရပ်တန့်ရေးနှင့် လက်ရှိ မတရား ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွှတ်ပေးရေးတို့ကို တိုက်တွန်းထားသည်။
အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေး စာပိုဒ် ၂၈ ပါ ပူးတွဲ ကြေညာချက်ကို ထုတ်ပြန်ရာမှာ မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး သီးခြား အထူးပြုတဲ့ အပိုဒ်တစ်ပိုဒ်ဖော်ပြထားရာမှာ ယင်းသို့ ဖော်ပြထားသည်ဟု သိ၇သည်။
၎င်းပြင် စစ်ကောင်စီက တနှစ်ကျော်ကြာလာသည့်တိုင်အောင် အကောင်အထည် မဖော်သေးသည့် အာဆီယံ ဘုံသဘောတူညီချက် ၅ ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ရန်နှင့် ၎င်းအစီအစဉ်ကို ဆက်လက် ပံ့ပိုးကူညီမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာပြည်သူများ၏ အကျိုးစီးပွားကို ရှေ့ရှု့ကာ ငြိမ်းချမ်းသော ဖြေရှင်းနည်းများဖြင့် အာဆီယံမှ ကြိုးပမ်းနေမှုများ၊ အာဆီယံ အထူး သံတမန်၏ ကြိုးပမ်းမှုများ၊ လူသားချင်းစာနာမှုဆိုင်ရာ အကူညီများကို အလိုအပ်ဆုံး ဖြစ်နေသည့် မြန်မာပြည်သူများထံ သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ထိရောက်စွာပေးအပ်နိုင်ရေးများကို သဘော တူညီခဲ့ကြသည်ဟု သိ၇သည်။
အဆိုပါ အမေရိကန် - အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ နိုင်ငံများထဲမှ မြန်မာနိုင်ငံ ကိုယ်စားပြုမှုအတွက် စစ်ကောင်စီနှင့် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) နှစ်ဘက်လုံး တက်ရောက်ခွင့် မပြုခဲ့ဘဲ ထိုင်ခုံအလွတ်ထားခဲ့သည်ဟု သိရှိ၇သည်။
အမေရိကန်-အာဆီယံဆက်ဆံရေး ၄၅ နှစ်ပြည့် အထိမ်းအမှတ်အနေဖြင့် ကျင်းပခဲ့သည့် ထိပ်သီးဆွေးနွေးပွဲကို မြို့တော် ဝါရှင်တန်ဒီစီတွင် မေ ၁၃ ရက်နှင့် ၁၄ ရက် နှစ်ရက်ကြာ ကျင်းပခဲ့ပြီး အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အာဆီယံခေါင်းဆောင်များကို အိမ်ဖြူတော်မှာ မေ ၁၃ ရက်နေ့က လက်ခံတွေ့ဆုံပြီး ကြိုဆိုခဲ့သည်။
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်တွင် မေ ၁၂ ရက်နှင့် ၁၃ ရက်က ကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ ထိပ်သီးညီလာခံအပြီး ထုတ်ပြန်သည့် ဒီပူးတွဲ ကြေညာချက်ပါ စာပိုဒ်ကို စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာနက မေ ၁၄ ရက်နေ့က ကြေညာချက် ထုတ်ပြန်ကာ ကန့်ကွက်ခဲ့သည်။
(Photo by Al Jazeera)
#နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.