English Edition
ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၅ရက်၊ ၂၀၂၅
လှူရန်
Preview
ရခိုင်အမျိုးသားနေ့အခမ်းအနား ရခိုင်မြို့အချို့တွင် စည်ကားစွာကျင်းပနေ
မေ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :2899
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၁၅/၂၀၂၂
ယနေ့ မေလ ၁၅ ရက်နေ့၊ ကဆုန်လပြည့်ကျော် (၁) ရက်နေ့တွင်ကျရောက်သည့် (၉) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ရခိုင်မှ မြို့နယ်အချို့တွင် ကျင်းပလျက်ရှိကြောင်း သိ၇သည်။
သံတွဲ၊ ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ရခိုင်အမျိုးသားနေ့အခမ်းအနားကို စာပေဟောပြောပွဲများ၊ စာစီစာကုံးပြိုင်ပွဲများဖြင့် ကျင်းပလျက်ရှိကြောင်း အမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေးလုပ်ဆောင်သူများက ပြောသည်။
ယနေ့ မေလ ၁၅ ရက်နေ့တွင် ကျရောက်သော ရခိုင်အမျိုးသားနေ့ကို တခြားသော ရခိုင်မျိုးနွယ်စုဝင်များနည်းတူ ကျင်းပရခြင်းဖြစ်ကြောင်း ဘူးသီးတောင်မြို့ ရခိုင်အမျိုးသားနေ့အခမ်းအနားဖြစ်မြောက်ရေး ကော်မတီဝင် ဦးထွန်းအေးက နိရဉ္စရာကို ပြောသည်။
"ရခိုင်မျိုးနွယ်စု ၇ ခုမွာ ၅ ခုက အမျိုးသားနေ့လုပ်ကြတယ်လေ။ သက်၊ ဒိုင်းနက် စသည်အားဖြင့်လုပ်ကျတဲ့အခါ ရခိုင်မှာ ရခိုင်မျိုးနွယ်စုက ဦးဆောင်ဦးရွက်သွားနေချိန်မှာ ကျောက်ဖြူညီလာခံကချမှတ်ပေးထားတဲ့ ရခိုင်အမျိုးသားနေ့တစ်ရပ်ကို ဖြစ်အောင် ကျင်းပ၇တာပါ"ဟု ပြောသည်။
မောင်တောမြို့တွင်ကျင်းပသည့် ရခိုင်အမျိုးသားနေ့အခမ်းအနားကို ရခိုင်မျိုးနွယ်စုဝင်များဖြစ်သည့် သက်နှင့်မြိုမျိုးနွယ်စုများတက်ရောက်ခဲ့သော်လည်း ရာသီဥတုအခြေနေအရ ကျန်မျိုးနွယ်စုဝင်များမတက်ရောက်နိုင်ခဲ့ကြောင်း အမျိုးသားနေ့ဖြစ်မြောက်ရေး စီမံကော်မတီအတွင်းရေးမှူး ဦးကျော်ဝင်းက နိရဉ္စရာ ကိုပြောသည်။
"၉ နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို စည်စည်ကားကားနဲ့ အောင်အောင်မြင်မြင် ကျင်းပနိုင်ခဲ့ပြီ။ နောက်နောင်လည်း လူငယ်၊ လူရွယ်တွေနဲ့ ကျွန်တော်တို့ လူကြီးပိုင်းတွေနဲ့ ကူညီဝိုင်းဝန်းပံ့ပိုးပြီး ၁၀ နှစ်မြောက်ကိုလည်းကျင်းပသွားဖို့ရှိပါတယ်"ဟု ပြောသည်။
သံတွဲမြို့တွင်လည်း ၇ခိုင်အမျိုးသားနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နေ့လယ် ၂ နာရီအချိန်တွင် သီရီမင်္ဂလာလေးမျက်နှာ ဓမ္မာရုံမှာ ကျင်းပသွားမည်ဟု သံတွဲမြို့ ရခိုင်အမျိုးသားနေ့ဖြစ်မြောက်ရေးဥက္ကဋ္ဌ ဦးအောင်ကျော်စိုးက ပြောသည်။
"အမျိုးသားနေ့အကြို စာပေဟောပြောပွဲ၊ စတိတ်ရှိုးပွဲနဲ့ ဒေသထွက်အစားအစာ၊ အဝတ်အထည်ပြပွဲတွေကို မနေ့က မေလ ၁၄ ရက်နေ့က ကျင်းပပြီးစီးခဲ့ပြီး ဒီနေ့ နေ့လယ်နှစ်နာရီမှာ အမျိုးသားနေ့အခမ်းအနားကို ကျင်းပပါမယ်။ သံတွဲမြို့နယ်နဲ့ ဂွမြို့နယ်က ရခိုင်မျိုးနွယ်စုတွေနဲ့ ရင်းနှီးတဲ့လူတချို့ပါမယ်"ဟု ပြောသည်။
ရခိုင်ပြည်နယ်မြို့တော် စစ်တွေတွင်မူ ယခုနှစ်တွင် ရခိုင်အမျိုးသားနေ့အခမ်းအနားကို အခြေအနေအမျိုးမျိုးကြောင့် ကျင်းပနိုင်ခြင်းမရှိခဲ့ကြောင်း သိ၇သည်။
၂၀၁၄ ခုနှစ် ကျောက်ဖြူတွင်ကျင်းပသည့် ရခိုင်အမျိုးသားညီလာခံက မဟာမုနိရုပ်ပွားတော်သွန်းလုပ်ပြီးစီးသည့် ကဆုန်လပြည့်ကျော်တစ်ရက်နေ့ကို ၇ခိုင်အမျိုးသားနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်ကျင်းပခဲ့ကြသည်။ (NN-7)
Photo - Aung Kyaw Soe နှင့် ဦးခင်မောင်သန်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.