Preview

ရမ်းဗြဲရခိုင်ရိုးရာလှေပြိုင်ပွဲ ယနေ့ စတင်ကျင်းပ

မေ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :9294
ရခိုင် သတင်း
နိရဥ္စရာ၊ မေ ၁၆/၂၀၂၂
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် ရမ္မာ၀တီရခိုင်ရိုးရာလှေပြိုင်ပွဲကို ယနေ့ စတင်ကျင်းပနေပြီဖြစ်ကြောင်း သိ၇သည်။
ယနေ့မေလ ၁၆ ရက်တွင် နံနက် ၁၀ နာရီခွဲခန့်မှစကာ ရခိုင်ရိုးရာလှေပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ၏ လှေအစုံကိုပြသသွားမည်ဖြစ်ပြီး မနက်ဖြန် မေလ ၁၇ ရက်တွင်မူ လှေပြိုင်ပွဲကို စတင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီမှ ကိုထွန်းနိုင်က နိရဥ္စရာသို့ပြောသည်။
“ဒီနေ့ကတော့ ပြိုင်ပွဲ မရှိသေးဘူး။ လှေစုံပြမယ်။ ဒီနေ့ကတော့ ပထမနေ့ပေါ့။ ပြိုင်ပွဲက မနက်ဖြန်စမယ်” ဟုပြောသည်။
အဆိုပါပြိုင်ပွဲကို ရမ်းဗြဲမြို့ တန်းချောင်းထဲတွင် ယနေ့ မေလ ၁၆ ရက်မှ ၁၉ ရက်နေ့ (ကဆုန်လပြည့်ကျော် ၂ ရက်နေ့မှ လပြည့်ကျော် ၅ ရက်နေ့)အထိ ၄ ရက်တိုင်တိုင်ကျင်းပသွားမည်ဖြစ်ပြီး လက်ရှိတွင် လှေပြိုင်ပွဲအတွင်း ယှဉ်ပြိုင်ရန် စာရင်းပေးထားသည့်အသင်းပေါင်း ၁၈ သင်းရှိကြောင်း သိ၇သည်။
အဆိုပါပြိုင်ပွဲကို ချန်ပီယံနှင့် ရိုးရိုးအတန်းဆိုကာ အဆင့် ၂ ဆင့်ခွဲခြားထားပြီး ဆုကြေးငွေများအားဖြင့် ချန်ပီယံ ပထမဆုကို ကျပ်သိန်း ၂၀၊ ဒုတိယဆုကို ကျပ် ၁၈ သိန်း၊ တတိယဆုကို ၁၅ သိန်းနှင့် ရိုးရိုးတန်းပထမဆုကို ၁၈ သိန်း၊ ဒုတိယဆုကို ၁၅ သိန်း၊ တတိယဆုကို ၁၃ သိန်း အသီးသီးစီချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိ၇သည်။
အဆိုပါပြိုင်ပွဲကို နှစ်စဉ်မေလအတွင်းကျင်းပပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ လူ ထောင်နှင့်ချီ၍ လာရောက်အားပေးကြကာ ရခိုင်မှ အလွန်ထင်ရှားသည့် လှီ(လှေ)ပြိုင်ပွဲတစ်ခုဖြစ်သည်။ (NN-8)

#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.