စနေ၊ ဧပြီလ ၂၀ရက်၊ ၂၀၂၄

ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဦးဆောင်သည့် ULA/AA နှင့် NUG တို့ အွင်လိုင်းမှ တဆင့်တွေ့ဆုံနွေးဆွေး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 1.1k


နိရဉ္စရာ၊ မေ ၁၆/ ၂၀၂၂
ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်သည့် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/ AA) နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ( NUG)တို့ သည် ယနေ့မေလ ၁၆ရက်နေ့တွင် Onlineမှ တဆင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်ဟု သတင်းရရှိသည်။
ထိုသို့ ဆွေးနွေးခဲ့ခြင်းကို NUGက သတင်းထုတ်ပြန်သည်။
အဆိုပါဆွေးနွေးမှုတွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ၊ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ညိုထွန်းအောင်တို့ ရက္ခိုင့်ပြည်သူ့အစိုးရကို ဦးဆောင်တက်ရောက် ခဲ့ကြသည်ဟု ဖော်ပြသည်။
NUGအစိုးရဖက်ကမှု နိုင်ငံခြားရေးဝန်ကြီးဌာန ဒေါ်ဇင်မာအောင်၊ ဦးမင်းကိုနိုင်တို့ ဦးဆောင်သော အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီဝင်တို့ တက်ရောင်ခဲ့ကြသည်ဟုသိရသည်။
ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပျက်နေသော နိုင်ငံရေး အခြေအနေများ၊ တိုင်းပြည်၏ အခြေအနေများကို ရင်းနှီးပွင့်လင်းစွာ နှစ်ဖက် အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး နှစ်ဖက်အကြား အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြပါသည်။
ထို့အတူ အမျိုးသားညီညွတ်ရေးအစိုးရဖက်က လက်ရှိလုပ်ဆောင်လျက်ရှိသော အခြေအနေများ၊ အခင်းအကျင်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနအလိုက် ဆွေးနွေးခဲ့ကြပါသည်ဟု NUG က ထုတ်ပြန်ထားသည်။ ( NN-11)

ဆက်စပ် သတင်းများ