Preview

ရမ်းဗြဲရခိုင်ရိုးရာလှေပြိုင်ပွဲတွင် ကမန်အမျိုးသားများလည်း အတူပါဝင် ယှဉ်ပြိုင်ခွင့်ရ

မေ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :9187
ရခိုင် သတင်း
နိရဥ္စရာ၊ မေ ၁၆/၂၀၂၂
ရခိုင်ပြည်နယ်မှ အစဉ်အလာကြီးမားသည့် ရမ်းဗြဲမြို့ ရမ္မာ၀တီ ရခိုင်ရိုးရာ လှီပြိုင်ပွဲ (လှေပြိုင်ပွဲ) တွင် ကျောက်နီမော်ကျေးရွာ လှေလှော်အသင်းနှင့်အတူ ကမန်လူမျိုးများလည်း ဆယ်စုနှစ်တစ်ခုအကြာမှ ပထမဆုံးအကြိမ်အဖြစ် ပါဝင်ယှဉ်ပြိုင်ကြမည်ဟု သိ၇သည်။
ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာရှိ လှိုင်းပုတ်သံပရဟိတအဖွဲ့မှ ရခိုင်လူငယ်များနှင့် မြောက်ပိုင်းပ၇ဟိတအဖွဲ့မှ ကမန်မူဆလင် လူငယ်များစုပေါင်း၍ အသင်းတစ်သင်းအနေဖြင့် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။
ရမ္မာ၀တီရိုးလှေပြိုင်ပွဲအစဖြစ်သည့် ယနေ့မေလ ၁၆ ရက်တွင်မူ နံနက် ၁၀ နာရီခွဲခန့်မှစကာ ပါဝင်ယှဉ်ပြိုင်မည့်အသင်းများ၏ လှေအစုံကို ပြသ သွားမည်ဖြစ်ပြီး လာမည့် မေလ ၁၇ တွင်မူ လှေပြိုင်ပွဲကို စတင်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း ရမ်းဗြဲလှီပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီမှ ကိုထွန်းနိုင်က နိရဥ္စရာသို့ပြောသည်။
“ဒီနေ့ကတော့ ပြိုင်ပွဲမမရှိသေးဘူး၊ လှေစုံပြမယ်။ ဒီနေ့ကတော့ပထမနေ့ပေါ့၊ ပြိုင်ပွဲက မနက်ဖြန် စမယ်။ မူဆလင်ရယ်လို့တော့ သီးသန့်တစ်ဖွဲ့တည်း မဟုတ်ဘူးပေါ့နော် ပေါင်းပြီးတော့ပါ။ အရင်တုန်းကတော့ ဝင်ပြိုင်ခဲ့တာမျိုး ရှိတယ်။ အခု နောက်ပိုင်းမှတော့ မရှိဖြစ်တော့ဘူး။ ဒါကြောင့် ပထမဆုံးအနေနဲ့ အားလုံးသူပါဝင်နိုင်အောင်အနေနဲ့ စဉ်းစားပြီးတော့ ပြန်ပြီး ဆွဲခေါ်တာ ဖြစ်တယ်” ဟုပြောသည်။
ကမန်လူမျိုးများသည့် အစ္စလာမ်ဘာသာ ကိုးကွယ်ကြသူများဖြစ်ကြပြီး ရခိုင်မျိုးနွယ်စု ရ ခုအထဲတွင် ရခိုင်၊ သက်၊ မ၇မာကြီး၊ ခမီး၊ မြို၊ ဒိုင်းနက် (ချက်ကမာ)တို့နှင့် အတူ ပါဝင်သည့် လူမျိုးတစ်မျိုးဖြစ်သည်။
ယခင်က ရမ္မာ၀တီ ရိုးရာလှေပြိုင်တွင် ကမန်လူမျိုးများအနေဖြင့် ပါဝင် ယှဉ်ပြိုင်ခွင့်၇ခဲ့သော်လည်း ၂၀၁၂ ခုနှစ် ဖြစ်ပွားခဲ့သည့် လူမျိုးရေး ပဋိပက္ခနောက်ပိုင်းတွင် ပါဝင်ယှဉ်ပြိုင်ခွင့်များ မရေတော့ကြောင်း သိ၇သည်။
နှစ်ပေါင်း (၁၀) ကျော်အကြာမှ လူမျိုးရေးတင်းမာမှုများပြေလျော့လာခဲ့ရာမှ ယခုကဲ့သို့ ရခိုင်ရိုးရာ လှေပြိုင်ပွဲတွင် ကမန်အမျိုးသားများ ပြန်လည် ပါဝင်ခွင့်ရရှိလာကြခြင်း ဖြစ်ကြောင်း သိရှိ၇သည်။
ရမ္မာ၀တီရခိုင်ရိုးရာလှေပြိုင်ပွဲသည် ရခိုင်ဘုရင် ခေတ်အဆက်ဆက်က ကျင်းပပြုလုပ်ခဲ့သည့် ရိုးရာ လှေပြိုင်ပွဲတစ်ခုဖြစ်ကြောင်း သိ၇သည်။
လှေပြိုင်ပွဲကို ယနေ့ မေလ ၁၆ ရက်က ၁၉ ရက်နေ့ ( မြန်မာ ကဆုန် လပြည့်ကျော် ၂ ရက်နေ့မှ လပြည့်ကျော် ၅ ရက်နေ့) အထိ လေးရက် တိုင်တိုင်ကျင်းပသွားမည်ဖြစ်ကာ လက်ရှိတွင် ယှဉ်ပြိုင်ရန် စာရင်း ပေးထားသည့်အသင်းပေါင်း ၁၈ သင်းရှိကြောင်း သိ၇သည်။
ရမ်းဗြဲ ရခိုင်ရိုးရာ လှီပြိုင်ပွဲကို ချန်ပီယံနှင့် ရိုးရိုးအတန်းဆိုကာ အဆင့် ၂ ဆင့်ခွဲခြားထားပြီး ဆုကြေး ငွေများအားဖြင့် ချန်ပီယံ ပထမဆုကို ကျပ်သိန်း ၂၀၊ ဒုတိယဆုကို ကျပ် ၁၈ သိန်း၊ တတိယဆုကို ၁၅ သိန်း နှင့် ရိုးရိုးတန်းပထမဆုကို ၁၈ သိန်း၊ ဒုတိယဆုကို ၁၅ သိန်း၊ တတိယဆုကို ၁၃ သိန်း အသီးသီးစီချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိ၇သည်။
အဆိုပါပြိုင်ပွဲကို နှစ်စဉ်မေလအတွင်းတွင်ကျင်းပပြီး ရခိုင်ပြည်နယ်တဝှမ်းလုံးမှ လူ ထောင်နှင့်ချီ၍ လာရောက်အားပေးကြကာ ရခိုင်မှ အလွန်ထင်ရှားသည့် လှီ(လှေ)ပြိုင်ပွဲတစ်ခုဖြစ်သည်။ (NN-8)
photos- May Yu Tun, facebook

#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.