English Edition
သောကြာနေ့၊ ဖေဖော်ဝါရီလ ၁၄ရက်၊ ၂၀၂၅
လှူရန်
Preview
အသက်မပြည့်သေးသည့် စစ်ဘေးရှောင်စခန်းမှ လူငယ် ၃ဦး စစ်တပ်ကဖမ်းဆီးဟုဆို
မေ ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :4932
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၁၇/ ၂၀၂၂
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းမှ လူငယ် ၃ဦးကို မေလ ၁၆ ရက် ညနေပိုင်းအချိန်တွင် စစ်ကောင်စီတပ်ဖွဲ့တစ်ခုက ဖမ်းဆီးသွားခဲ့သည်ဟု သိ၇သည်။
ဖမ်းဆီးခံ၇သူမှာ မောင်နေထွန်းဦး (၁၇)နှစ်၊ မောင်အောင်မျိုးခန့် (၁၆) နှစ်နှင့် မောင်ခိုင်မျိုးလင်း (၁၇) နှစ်တို့ဖြစ်သည်။
အဆိုပါ ၃ဦးမှာ ၎င်းတို့နေထိုင်သည့် စစ်ဘေးရှောင်စခန်းမှ ပုဏ္ဏားကျွန်းမြို့သို့ ဆိုင်ကယ်ဖြင့် သွားခဲ့ပြီး အပြန်တွင် ဖမ်းဆီးခံ၇ခြင်းဖြစ်သည်ဟု အမည် မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။
"သူတို့က ၁၂နာရီလောက်မှာ ဆိုင်ကယ်တစ်စီးနဲ့ ပုဏ္ဏားကျွန်းကိုသွားခဲ့ကြတယ်။ ၄နာရီလောက်မှာ မောင်အောင်မျိုးခန့်က မိဘကိုဖုန်းဆက်ခဲ့တယ်လို့ ပြောတယ်။ ကျွန်တော်တို့ကို စစ်တပ်က ဖမ်းသွားပြီလို့။ အဲဒီစကား တစ်ခွန်းပြောပြီးတာနဲ့ ဖုန်ချပြီးတော့ စက်ပိတ်သွားတယ်လို့ ပြောတယ်"ဟု ဆိုသည်။
ဖမ်းဆီးသည့် အကြောင်းအရင်းကို မသိရကြောင်း၊ ၎င်းတို့ သုံးဦးစလုံးမှာ ရသေ့တောင်မြို့၊ ပြည်လုံးချမ်းသာစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများ ဖြစ်ကြောင်း ၎င်းက ပြောသည်။
စစ်တပ်ကဖမ်းဆီးခြင်း ဟုတ်/မဟုတ်ကို အတည်ပြုချက်ချက်ယူနိုင်ရန် ရခိုင်ပြည်နယ်စစ်ကောင်စီ နယ်လုံဝန်ကြီးကို ဖုန်းဆက်ရာတွင်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိပါ။
ဖမ်းဆီးခံရသူ မောင်နေထွန်းဦးမှာ နွားလားကျော် ကျေးရွာမှဖြစ်ပြီး မောင်အောင်မျိုးခန့်မှာ စေတီပြင် ကျေးရွာဇာတိဖြစ်ကာ မောင်ခိုင်မျိုးလင်းမှာကျောက်တန်းကျေးရွာဇာတိဖြစ်သည်ဟု သိ၇သည်။ (NN 11)
#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.