KBZ ဘဏ်တွင် အပ်ငွေစာရင်းဟောင်းတွင်ထပ်မံအပ်သော ငွေသားများအားလုံး ပြန်လည်ထုတ်ယူနိုင်ကြောင်း ကြေညာ
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၂၀ မေ ၂၀၂၂
-
| ကြည့်ရှုသူ:
3.1k
အပ်ငွေစာရင်းဟောင်း (စာရင်းရှင်အပ်ငွေ၊ ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူ အပ်ငွေ)များနှင့် အပ်နှံထားသည့် ငွေသားအတိုင်း အကန့်အသတ်မရှိ ပြန်လည်ထုတ်ယူနိုင်ပြီ ဖြစ်ကြောင်း KBZ က ယနေ့ မေ ၁၇ ရက်နေ့ စွဲဖြင့် KBZ ပေ့ချ်မှတဆင့် ထုတ်ပြန်သည်။
ထုတ်ပြန်ချက်ထဲတွင် ငွေများကို အကန့်အသတ်မရှိ ရက်ချိန်းမလိုဘဲ ထုတ်ယူနိုင်သည်ဟု ဖော်ပြထားသည်။
ကမ္ဘောဇဘဏ်သုံးစွဲသူ Customer များအနေဖြင့် အရင်ဖွင့်လှစ်ထားသည့် အပ်ငွေစာရင်း (စာရင်းရှင်အပ်ငွေ၊ငွေစုဘဏ်အပ်ငွေ၊ ခေါ်ယူအပ်ငွေ) ဟောင်းများထဲနှင့် အသစ်ထပ်မံအပ်နှံထည့်သွင်းသည့် ငွေသားများကိုလည်း ထည့်သွင်းသည့် ပမာဏအတိုင်း ငွေသားပြန်လည်ထုတ်ယူနိုင်ပြီဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အသေးစိတ်သိရှိလိုပါက KBZ Bank Call Center 09-951018555 ကို ဆက်သွယ်မေးမြန်းနိုင်သည်ဟု ဆိုသည်။