သောကြာ၊ မတ်လ ၂၉ရက်၊ ၂၀၂၄

မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် မြေပုံမြို့နယ်တွင် ခရီးသည်တင်ဘုတ်တစ်စီး နစ်မြပ်ခဲ့သော်လည်း လူအသေအပျောက် မရှိခဲ့ဟုသိရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 9k

နိရဉ္စရာ၊ မေ ၂၁/ ၂၀၂၂
ယနေ့တိုက်ခတ်ခဲ့သည့် လေပြင်းကြောင့် မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာမှ ကျောက်ဖြူမြို့သို့ ပြေးဆွဲနေသည့် ခရီးသည်တင် လိုင်းဘုတ်တစ်စီး နစ်မြုပ်ခဲ့သော်လည်း ဘုတ်တွင်လိုက်ပါ လာသည့်ခရီးသည်များအနေဖြင့် အသက်အန္တရာယ် တစ်စုံတစ်ရာ ထိခိုက်မှုမရှိကြောင်း ငပသုန်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဘိုကြီးက ပြောသည်။
"ဘုတ်က ကျောက်ဖြူမြို့ကနေ ၁၂နာရီကထွက်လာတာ။ လမ်းမှာလေပြင်း တိုက်လို့ ကျက်တောပြင် ရွာကို ကမ်းကပ်ဖို့အဝင်မှာ ကျောက်ဆောင်နဲ့ တိုက်မိ သွားတဲ့အတွက် ဘုတ်ဝမ်းခေါင်း ပေါက်သွားတယ်။ အဲဒါကြောင့် မြုပ်သွားတာ။လူတွေက ဘယ်လောက် ပါသွားလည်းတော့ သေချာနသိဘူး။ လူကတော့ တစ်ယောက်မှ အထိအခိုက် မရှိဘူး။အခုသူတို့ကို ရွာကစက်လှေတွေနဲ့ တင်ဖို့သွားကြပြီ။ပြန်လို့တော့ မရောက်ကြသေးဘူး"ဟု ပြောသည်။
ကျောက်ဆောင်တိုက်မိပြီးနစ်မြုပ်သွားသည့် လိုင်းဘုတ်မှာ ငပသုန်ကျေးရွာမှ ဦးဘသိန်းဟန်၏ ဘုတ်ဖြစ်သည်ဟုသိရသည်။
ယင်းအပြင် ငပသုန်ကျေးရွာအနီးမြစ်တွင်လည်း ငါးဖမ်းလှေ တစ်ချို့ နစ်မြုပ်မှု ရှိနေသည်ဟု သတင်းကြားသိရသော်လည်း လူထိခိုက်မှုများ ရှိမရှိကိုမှု စာရင်းမရရှိသေးကြောင်း ဦးအောင်ဘိုကြီးက ပြောသည်။
အလားတူ မိုးသက်လေပြင်းတိုက် ခတ်မှုကြောင့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ်၊ သဲချောင်းမြစ်တွင် ဘုတ်၂စီးနစ်မြုပ်ခဲ့သည်ဟု လူမှုကွန်ယက် စာမျက်နှာပေါ်တွင် ရေးသားနေကြသည်။
အဆိုရေးသားချက်မှာ မဟုတ်မှန်ကြောင်း၊ သဲချောင်းကျေးရွာမှ ကျောက်ဖြူမြို့ ပေါ်သို့ ဈေးပြုရန်သွားခဲ့သည့်စက်လှေမှာလည်း အထိအခိုက်မရှိ ကမ်းကပ်နိုင်ခဲ့ကြောင်း သဲချောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ကပြောသည်။
"စက်လှေတွေ ဘုတ်တွေမမြုပ်ဘူး။ ဒီပတ်ဝန်း ကျင်မှာအကုန်လုံးလေ့လာပြီးပြီ။မမြုပ်ဘူး။ ကျွန်တော်တို့ရွာက မြို့ကိုသွားပြီးတော့ ဈေးပြုခဲ့တဲ့စက်လှေလည်း ဘာမှမဖြစ်ဘူး။ စက်လှေကိုလည်း ရေမဝင်ခဲ့ဘူး။အကုန်လုံးအိမ်ကို ရောက်နေပါပြီ။"ဟုပြောသည်။
ကျောက်ဖြူမြို့နယ်၏ လွတ်တော်ကိုယ်စားလှယ် ဟောင်း ဦးဖိုးစံကလည်း"စက်လှေတွေ၊ဘုတ်တွေ နစ်မြုပ်တဲ့ အသံမကြားဘူး။ သဲချောင်းဖက်မှာလည်း မမြုပ်ဘူးလို့သိရတယ်"ဟု ပြောသည်။
ယနေ့တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် ရခိုင်က စစ်ဘေးရှောင်စခန်းတစ်ချို့တွင် လူနေဆောင် များ ၂၀၀ကျော် ပျက်စီးမှုရှိနေသည်ဟု စခန်းတာဝန်ရှိသူများကပြောသည်။ (NN-11)
(ဓာတ်ပုံ- ယနေ့ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အချိန်မီ အိမ်ပြန် မလာနိုင်သည့် ရေလုပ်သားများကို မိသားစုများက ကမ်းပေါ်က စောင့်မျှော်နေကြစဉ်။ Toe Win Ag Post မှ ကူးယူဖော်ပြပါသည်။)

ဆက်စပ် သတင်းများ