Preview

မိုးသက်လေပြင်းကြောင့် မြေပုံမြို့နယ်တွင် ငါးဖမ်းစက်လှေ ၈စီးနစ်မြုပ်၊ လူအသေအပျောက်မရှိခဲ့ဟုဆို

မေ ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :1972
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၂၂/ ၂၀၂၂
ယမန်နေ့ မေလ ၂၁ရက် နေ့လယ်ပိုင်းက ရုတ်တရက် တိုက်ခတ်ခဲ့သည့် မိုးသက်လေပြင်းကြောင့် မြေပုံမြို့နယ်၊ ငပသုန်ကျေးရွာမှ ငါးဖမ်းစက်လှေ ၈စီး နစ်မြုပ်သွားခဲ့သည်ဟု သတင်းရရှိသည်။
အဆိုပါ ငါးဖမ်းစက်လှေများ ရေနစ်မြုပ်သွားခဲ့သော်လည်း ငါးဖမ်း သမားများအနေဖြင့် အသက်အန္တရာယ်မှ ကင်းလွတ်ခဲ့ပြီး ကျေးရွာသို့ ပြန်ရောက်ရှိလာသူများ ရှိသလို ကျောက်ဖြူမြို့သို့ ရောက်ရှိ သွားသူများလည်းရှိကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ဘိုကြီးက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ငါးဖမ်းဘုတ်တစ်စီးမှာ လူသုံးယောက်စီပါတယ်။ မြုပ်သွားတဲ့ ၈စီးက လူတွေအခုရွာကို ရောက်နေကြပြီး။ တချို့ဆိုရင် ကျောက်ဖြူကို ရောက်သူ ရောက်သွားကြတယ်။ ဘုတ်တွေသာ ဆုံးရှုံးခဲ့ရပါတယ်။ လူတွေဘာမှမဖြစ်လို့ ကံကောင်းတယ်လို့ပြော၇မယ်။"ဟု ဆိုသည်။
နစ်မြုပ်သွားသည့် ဘုတ် ၈စီးမှာ ငပသုန်ကျေးရွာမှ ဦးထိုက်စိုး၊ ဦးကျော်မြင့်အောင်၊ ဦးလူဖြူကြီး၊ ဦးမောင်လုံးချေ၊ ဦးမောင်မြင့်ဦး၊ ဦးထက်မြတ်ကျော်၊ ဦးထက်မြတ်အောင်နှင့် ဦးမောင်စိတ်ကေဘုတ်တို့ ဖြစ်ကြသည်။
အဆိုပါ ငါးဖမ်းဘုတ် ၈စီးမှာ ငပသုန်ကျေးရွာနှင့် ၁၈မိုင်ခန့်ဝေးသည့် ကောင်တာမြီပင်လယ်ပြင်တွင် မေလ ၂၁ရက်နေ့က ငါးဖမ်းရန်ထွက်ခွာခဲ့ကြပြီး မိုးသက်လေပြင်းနှင့်အတူ လှိုင်းကြီးရာမှ နစ်မြုပ်သွားခဲ့ကြသည်ဟု ဆိုသည်။
အလားတူ ငပသုန်ကျေးရွာမှ ကျောက်ဖြူမြို့သို့ ခရီသည်များ တင်ဆောင် နေသည့် ဦးဘသိန်း ဘုတ်မှာလည်း ကျောက်ဆောင်ကိုတိုက်မိပြီး ရေဝင်သွားကာ နစ်မြုပ်ခဲ့သော်လည်း ခရီးသည်များ အထိအခိုက် တစ်စုံတစ်ရာ မရှိဘဲ လုံခြုံစွာဖြင့် နေအိမ်သို့ရောက်ရှိနေပြီဖြစ်သည်ဟု သိ၇သည်။ (NN-11)

#သဘာဝဘွှေးန္တရာယ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.