English Edition
စနေနေ့၊ ဒီဇင်ဘာလ ၂၁ရက်၊ ၂၀၂၄
လှူရန်
Preview
AAထံရိက္ခာရောက်မည်စိုးရိမ်၍ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပိတ်ထားသဖြင့် အမ်းမြို့နယ် ဒါးလက်ချောင်းဒေသခံတို့ ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို အလူးအလှိမ့်ခံနေရ
မေ ၂၅/ ၂၀၂၂ | ကြည့်ရှုသူ :8838
ရခိုင် သတင်း
နိရ ဉ္စရာ၊ မေ ၂၄/၂၀၂၂
ရက္ခိုင့်တပ်တော် ( AA) သို့ ရိက္ခာများရောက်ရှိသွားမည်ကို စိုးရိမ်ကာ စစ်ကောင်စီတပ်ဖွဲ့က သယ်ယူ ပို့ဆောင်ရေးလမ်းကြောင်းများကို ပိတ်ဆို့ ထားသဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ဒါးလက်ချောင်း အုပ်စုရှိ ကျေးရွာပေါင်း ၅၀ ကျော်မှ ဒေသခံပြည်သူများမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှု ဒဏ်ကို အလူးအလှိမ့်ခံနေ၇ကြောင်း ဒေသခံများက ပြောဆိုသည်။
“ အခု ဒါးလက်ချောင်းအုပ်စု၊ အလယ်ကျွန်းကျေးရွာမှာဆိုရင် ကောက်ကြီး ဆန်တစ်တောင်းကို အရင် ငွေကျပ် ၈၀၀၀ ၊ ငွေကျပ်တစ်သောင်းနဲ့ တောင်ဝယ်လို့မရဘူး။ ဒါးလက်မြောက် ကျနော်တို့ ရွာမှာဆိုရင် အရင်က ပေါ်ဆန်းမွေးဆန် ၂ တောင်းအိတ် တစ်အိတ်ကို ငွေနှစ်သောင်းကျော်၊ အခု ကျပ်ငွေသုံးသောင်းကျော်ပေးဝယ်နေရတယ်” ဟု ဒါးလက်မြောက်ရွာ ဒေသခံ တစ်ဦးက ပြောသည်။
ဒါးလက်ချောင်းဒေသတွင် ကျေးရွာပေါင်း ၅၀ ကျော် တည်ရှိပြီး ချင်းလူမျိုး ၇၀ ရာခိုင်နှုန်းနှင့် ၇ခိုင်လူမျိုး ၃၀ ရာခိုင်နှုန်းနေထိုင်လျက်ရှိကာ မေလ ၆ ရက် နေ့မှ စတင်ကာ ဆန်တင်ပို့သော ကားလမ်းများနှင့် ရေလမ်းများကို စစ်ကောင်စီ တပ်က ပိတ်ပင်တားမြစ်ထားသည်ဟု သိ၇သည်။
ဒါးလက်အလယ်ကျွန်းကျေးရွာမှ ဒေသခံတစ်ဦးက "အခုတော့ရိက္ခာတွေ နည်းနည်းပါးပါး သွင်းလို့ ရနေတာမြင်ပါတယ်။ ကားလမ်းကနေ အလယ်ကျွန်း လောက်အထိဘဲရတော့ အလယ်ကျွန်းမှာဘဲ ချရတယ်။ အလယ်ကျွန်း အထိတော့ စစ်တပ်ခွင့်ပြုချက်နဲ့ အနည်းအကျဉ်း သွင်းလို့၇နေတယ်” ဟု ပြောသည်။
လက်ရှိ အချိန်တွင် ၎င်းဒေသရှိ အများစုပြည်သူများမှာ အလုပ်အကိုင် အတည်အကျမရှိကြဘဲ သီဟိုဋ်စေ့ကောက်၊ မျှစ်ရှာကာ ရှာဖွေ စားသောက် နေကြရပြီး ကုန်ဈေးနူန်းကြီးမြင့်မှုဒဏ်ကို အလူးအလှိမ့် ခံစားနေကြ၇သည်ဟု ဆိုသည်။
“ ဒီဘက်ကလူတွေကတော့ ဒီအချိန် သီဟိုဋ်စေ့ ပေါတဲ့ အချိန်ဆိုတော့ သီဟိုဋ်စေ့ကောက်တယ်။ မျှစ်ရှာပြီးစားနေကြရတယ်ပေါ့နော်။ အခုလို ဆန်အပါအဝင် ကုန်ဈေးနှုန်းတွေ အရမ်းတက်တော့ ဒီဒဏ်ကို ဒေသခံတွေ အလူးအလှိမ့် ခံနေရကြ၇ပါတယ်" ဟုပြောသည်။
လက်ရှိ ပေါ်ဆန်းမွှေး ဆန်လေးတောင်းအိတ်ကို ကျပ်ခြောက်သောင်းကျော်၊ အလယ်အလတ် အမျိုးအစား ဆန်တစ်အိတ်ကို ငါးသောင်းကျော်၊ Good စားသုံးဆီတစ်ဘူး အရင်က ၁၈၀၀၊ ၂၀၀၀လောက်ရှိခဲ့ရာက ယခုလက်ရှိ ၅၀၀၀ ကျပ်ထိ ပေးရသဖြင့် ဆင်းရဲသား လက်လုပ်လက်စားများအနေဖြင့် စားဆီကိုတောင် ဝယ်မစားနိုင်ကြဟု ဆိုသည်။
၎င်းဒေသသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့သော ဒေသတစ်ခုဖြစ်ပြီး အများစုဒေသခံများသည် အမ်းမြို့ပေါ်တွင် စစ်ဘေးရှောင်ခဲ့ကြ၇သူများ ဖြစ်ကြသည်။
တိုက်ပွဲမရှိတော့၍ မိမိဒေသသို့ ပြန်လာကြရာတွင်လည်း မိုင်းနှင့် စစ်လက်နက် အကြွင်းအကျန်များ အန္တရာယ်များကို စိုးရိမ်ရ၍ ဥယျာဉ်၊ခြံမြေများကိုလည်း ပုံမှန်အတိုင်းသွားရောက် လုပ်ကိုင်နိုင်ခြင်း မရှိသလို ယခုလို စစ်တပ်က ရိက္ခာများကို ဖြတ်တောက်ထား၍ စားဝတ်နေရေးလည်း အထူး အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေရသော ဒေသတစ်ခု ဖြစ်နေကြောင်း အမ်းမြို့နယ်မှ လူမှုရေး လူပ်ရှားသူများက ပြောသည်။ (NN-8)
#စစ်ဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.