English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ဘူးသီးတောင်မြိုနယ်မှ ခမီလူငယ်တစ်ဦး ပထမဆုံးအကြိမ် ဆေးကျောင်းတက်ခွင့်ရ
မေ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :7876
ရခိုင် သတင်း
နိရ ဉ္စရာ၊ မေ ၂၅/၂၀၂၂
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့ရှိ ဂန္ဓာရီပရဟိတသင်တန်းကျောင်းမှ ခမီလူငယ်တစ်ဦးသည် ခမီလူမျိုးများအနက် ပထမဆုံးအကြိမ်အဖြစ် ဆေးတက္ကသိုလ်တက်ခွင့်ရရှိခဲ့ကြောင်း သိ၇သည်။
အဆိုပါလူငယ်မှာ ဘူးသီးတောင်မြို့နယ် ရေဆူကျေးရွာဇာတိ မောင်ကျော်သန်းလင်းဖြစ်ပြီး ၂၀၁၉-၂၀၂၀ ပညာသင်နှစ်က ဘူးသီးတောင် အထက (၁)ကျောင်းမှ မြန်မာစာ၊ သင်္ချာ၊ ဓာတုဗေဒနှင့် ရူပဗေဒစသည့် ဂုဏ်ထူး ၄ ဘာသာဖြင့် အောင်မြင်ခဲ့သူဖြစ်ကြောင်း သိ၇သည်။
မောင်ကျော်သန်းလင်းသည် အမှတ်စုစုပေါင်း ၄၈၅ မှတ်ဖြင့် ရန်ကုန် ဆေးတက္ကသိုလ်အမှတ် (၂)တွင် တက်ခွင့်ရရှိကြောင်း သိ၇သည်။
ယခုကဲ့သို့ ခမီလူငယ်အမျိုးသားတစ်ဦးအနေဖြင့် ဆေးကျောင်းတက်ခွင့်ရရှိသဖြင့် ခမီတစ်မျိုးသားလုံးကိုယ်စား ဝမ်းမြောက်ဝမ်းသာဖြစ်မိကြောင်း ဂန္ဓာရီပရဟိတသင်တန်းကျောင်းမှ ခမီလူမျိုး ဂေဟာမှူးဦးသိန်းမောင်က နိရ ဉ္စရာသို့ပြောသည်။
"ဒီလိုဆေးကျောင်းတွေကို တက်ရောက်ခွင့်ရဖို့အတွက် အမှတ်ရနိုင်အောင်ကြိုးစားဖို့လည်း မလွယ်ကူဘူး။ သူရဲ့ကြိုးစားမှုကြောင့် ဒီလိုဆေးကျောင်းတက်ခွင့်ရတာကိုလည်း ကျနော်တို့က အရမ်းဝမ်းသာပါတယ်။ ကျနော်တို့ခမီလူမျိုးထဲမှာ ဒီလိုဆေးကျောင်းတက်ဖူးတာ တစ်ယောက်မှ မရှိသေးပါ။ ပထမအနေနဲ့ နောင်အနာဂတ်မှာ လူငယ်လေးတွေအတွက် ရှေ့ဆောင်လမ်းပြဖြစ်တဲ့အတွက်လည်း ဝမ်းသာမဆုံးပါဘူး" ဟုပြောသည်။
၎င်းလူငယ်သည် ဂန္ဓာရီပရဟိတသင်တန်းကျောင်းတွင် အဋ္ဌမတန်းမှစကာ ပညာသင်ယူဆည်းပူးခဲ့သူဖြစ်ကြောင်း သိ၇သည်။
လက်ရှိတွင် ၎င်းခမီလူငယ်နှင့် မိဘတို့အား အစိုးရတာဝန်ရှိသူတို့ကတွေ့လိုသည်ဟုဆို၍ ယနေ့ မေလ ၂၅ ရက် နေ့လယ်ပိုင်းက နေပြည်တော်သို့ လေယာဉ်ဖြင့် ထွက်ခွာသွားပြီဖြစ်ကြောင်း သိ၇သည်။
ဂန္ဓာရီပ၇ဟိတသင်တန်းကျောင်းကို ဘူးသီးတောင်မြို့ (၆)ရပ်ကွက်တွင် ၁၉၉၁ ခုနှစ်မှစတင်ကာ ဆင်းရဲနွမ်းပါးသည့်ကျောင်းသူ၊ ကျောင်းသားများအတွက်ရည်ရွယ်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ပဥ္စမတန်းမှ ဒသမတန်းအထိ ကျောင်းသား ၂၀၀ ကျော်ရှိကြောင်း သိ၇သည်။ (NN-8)
ဓာတ်ပုံ- အသျှင်အာဒိစ္စ
#တိုင်းရင်းသားရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.