Preview

ပလက်၀တွင်လက်နက်ကြီးသံများဆက်တိုက်ထွက်ပေါ်နေ၍ ဒေသခံများကြောက်လန့်စိုးရိမ်

မေ ၂၆/ ၂၀၂၂ | ကြည့်ရှုသူ :9347
ရခိုင် သတင်း
နိရဉ္စရာ၊ မေ ၂၆/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့တွင် ယနေ့နံနက်ပိုင်းမှစ၍ လက်နက်ကြီးသံများ အဆက်မပြတ်ထွက်ပေါ်နေ၍ ဒေသခံများကြောက်လန့် စိုးရိမ်နေကြောင်း သိ၇သည်။
ထိုလက်နက်ကြီးသံများသည် ပလက်၀အခြေစိုက်တပ်ရင်း ၂၈၉ ဘက်မှ ပလက်၀မြို့နယ် ခဝဲကျေးရွာသို့ ပစ်ခတ်နေခြင်းဖြစ်ကြောင်း ပလက်၀ ဒေသခံများကပြောသည်။
လက်နက်ကြီးပစ်ခတ်သံများသည် ယနေ့နံနက် ၁၀ နာရီ ၁၂ မိနစ်မှ စတင် ပစ်ခတ်နေခြင်းဖြစ်ကာ ယခုအချိန်ထိ လက်နက်ကြီးသံများထွက်ပေါ်နေသဖြင့် ပလက်၀ဒေသခံများအကြားတွင် စိုးရိမ်ကြောက်လန့်မှုများရှိနေကြောင်း ဒေသခံများက ယနေ့ နံနက် ၁၁ နာရီကျော် အချိန်က ပြောသည်။
အမည်မဖော်လိုသည့် ပလက်၀ဒေသခံတစ်ဦးက" အခုဆိုရင် ပစ်တာက အချက် ၁၀ ကျော်ပြီ ပစ်ခတ်သံတွေက၊ ခဝဲဘက်ကို ပစ်နေတာထင်တယ်။ အဲဒီဘက်ကသတင်းတွေကြားရတယ်။ စစ်တပ်ဘက်က နယ်မြေ ကျူးကျော် လာလို့ တိုက်ပွဲဖြစ်သလိုမျိုးလို့ ကြားရတယ်။ အတိအကျ မပြောနိုင်ဘူး။ ငါးမိနစ်ခြားတစ်ခေါက်စီလောက်ကို တစ်ခါတည်း နှစ်လုံး ပူးပစ်တာတွေ ကြား၇တယ်" ဟုပြောသည်။
ပလက်၀မြို့နယ်၊ ခဝဲကျေးရွာဘက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် စစ်ကောင်စီ စစ်တပ်တို့ မနီးမဝေးတွင် တစ်ဘက်နှင့် တစ်ဘက် တပ်စွဲ နေထိုင်လျက် ရှိကြောင်း ဒေသခံများကပြောသည်။
ပလက်၀မြို့နယ်၊ ခဝဲကျေးရွာသည် ပလက်၀မြို့နှင့် မိုင်ပေါင်း ၃၀ ခန့် ကွာဝေးပြီး အိမ်ခြေ လေးဆယ်ကျော်ခန့်ရှိသောကျေးရွာတစ်ရွာဖြစ်ကြောင်း သိ၇သည်။ ( NN-8)
(ဓာတ်ပုံ- ပလက်၀မြို့)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.