သောကြာ၊ ဧပြီလ ၁၉ရက်၊ ၂၀၂၄

မြန်မာစစ်တပ် လေးတောင်မြို့ နေရာ ၃နေရာတွင်တပ်စွဲထား၍ ဒေသခံအချို့ ရှောင်တိမ်းနေရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ မေ ၂၀၂၂
  • | ကြည့်ရှုသူ: 5.3k

နိရဉ္စရာ၊ မေ ၂၇/ ၂၀၂၂
စစ်ကောင်စီစစ်ကြောင်းတစ်ခုသည် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊လေးတောင် မြို့ရှိ နေအိမ် နှစ်လုံးကို ဝင်ရောက်ရှာဖွေစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် မြို့ပေါ်ရှိနေရာ ၃ခုတွင် တပ်စွဲ စခန်းချထားသဖြင့် ဒေသခံတချို့ ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများကပြောသည်။
မေလ ၂၆ရက်နေ့တွင် ကိုမောင်မောင်ကြီးနှင့် ဦးဝင်းကိုတို့ နေအိမ်များကို ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ပြီးနောက် လေးတောင်မြို့ အမှတ် ၃ရပ်ကွက်ရှိ သရက်ချိုဘုန်းတော်ကြီးကျောင်း၊ လေးတောင် မြို့မရဲစခန်းနှင့် ငပြီချောင်း ဘုန်းတော်ကြီး ကျောင်းများတွင် ဝင်ရောက်နေရာ ယူထားကြသည်ဟု လေးတောင်မြို့ခံတစ်ဦးကပြောသည်။
“ အင်အားက ၇၀ လောက်ရှိတယ်။ သူတို့ကကျွန်တော်တို့မြို့ကို ရောက်နေတာ မနေ့ကဆိုရင် အိမ်နှစ်ဆောင်ကို ဝင်လို့ဖမ်း တာ။ဒါပေမဲ့သူတို့က သတင်းရလို့ ရှောင်လိုက်တာ မြန်သွားတယ်။ ဖမ်းလို့မမိလိုက်ဘူး။ အခုရှိနေတဲ့ စစ်သားတွေက ULAကခန့်အပ်ထားတဲ့ အုပ်ချုပ်ရေး ခေါင်းဆောင်တွေ၊ တရားရေးခေါင်းဆောင်တွေ၊ တစ်ခြား ULAကို ဝန်းရံနေကြတဲ့သူတွေကို အချိန်မရွေး ဆွဲစိနိုင်ပါတယ်”ဟုပြောသည်။
အဆိုပါစစ်ကြောင်းမှာ လေးတောင်မြို့နှင့် ၃၅မိုင်ခန့်ဝေးသည့် ကျောက်ဖြူမြို့မှ ခလရ ၅၄၂ ၊၅၄၃တပ်ရင်းက စစ်သားများဖြစ်ကြပြီး လေးတောင်မြို့သို့ တစ်ပတ် တစ်ကြိမ်စီ လာရောက်မှုများရှိနေ သည်ဟု နောက်ထပ် လေးတောင်မြို့ခံတစ်ဦးကပြောသည်။
“ ကျွန်တော်တို့လေးတောင်က မာန်အောင်ကျွန်းကိုကူးရာမှာ အဓိက လမ်းကြောင်းကျပါတယ်။ ကျွန်တော်တို့ လေးတောင် အမှတ် ၃ရပ်ကွက် အောင်ဆိပ်ကေ ဆိပ်ကမ်းက အမြန်စက်လှေတွေက နေ့တိုင်ထွက်တာ ရှိတယ်။ အဲဒါကြောင့် စစ်သားတွေက တစ်ပတ်တစ်ခါ မာန်အောင်မှာရှိတဲ့သူတို့ရဲ့ စခန်းတွေကို ရိက္ခာပို့ နေပါတယ်”ဟု ပြောသည်။
ယခုလိုလေးတောင်မြို့ပေါ်၌ဝင်ရောက်နေရာယူထားသည့်အတွက် ဒေသခံများမှာ ဖမ်းဆီးခံရမှာကို ကြောက်လန့်ကာ နေနေရကြောင်း ဒေသခံများ ဆိုသည်။
“စစ်သားတွေက ကျွန်တော်တို့လေးတောင်ကို အဝင်အထွက်များနေပါတယ်။ ၁၀ရက်တစ်ကြိမ်၊ ၁ပတ်တစ်ကြိမ် လာရောက်ကြတယ်။ ရောက်လာရင်လည်း ၅ရက်၊ ၇ရက်အထိ နေပါတယ်။ ကျွန်တော်တို့လေးတောင်မှာက လက်လုပ် လက်စား လယ်သမားတွေ များတယ်။ စစ်သားတွေကို မြင်ရင် အလိုလို ထိတ်လန့်ကြောက်ရွံ့နေကြရ တယ်။ အိမ်မှာနေ့ခင်းဖက်တောင် မနေဝံ့ ကြတော့ဘူး” ဟု ပြောသည်။
ပြီးခဲ့သည့် မေလ ၁၆ရက်နေ့တွင်လည်း တောင်ကုတ်မြို့၊ တန်းလွဲရွာမမြို့တွင် ULA/AA အဖွဲ့ဝင်များ ရှိသည် ဟုဆိုကာ အင်အား ၅၀ခန့်ရှိသည့် မြန်မာစစ်သားများသည် လမ်းသွား လမ်းလာများကို စစ်ဆေးမေးမြန်းမှုများ ရှိခဲ့သည်ဟု ဒေသခံများကပြောသည်။ (NN 11)

ဆက်စပ် သတင်းများ