English Edition
ဗုဒ္ဓဟူးနေ့၊ ဇူလိုင်လ ၀၂ရက်၊ ၂၀၂၅
လှူရန်
Preview
ဘူးသီးတောင်မြို့နယ် ညောင်ချောင်းဈေးမီးလောင်၍ ဆိုင်ခန်း ၂၀ ကျော်ခန့်မီးထဲပါ
ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :9197
ရခိုင် သတင်း
နိရ ဉ္စရာ၊ မေ ၃၀/၂၀၂၂
၇ခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ညောင်ချောင်းဈေး ယနေ့မနက်တွင် မီးလောင်၍ ဆိုင်ခန်း ၂၆ ခန်း မီးထဲပါသွားကြောင်း သိ၇သည်။
အဆိုပါမီးလောင်မှုသည် ယနေ့မနက် ၂ နာရီကျော်ခန့်တွင် စတင် မီးလောင်ခဲ့ခြင်းဖြစ်ကာ အနီးအနားရှိ ကျေးရွာများမှ ကိုယ်ထူကိုယ်ထ ဝိုင်းဝန်း မီးငြိမ်းသတ်မှုကြောင့် နံနက် ၃ နာရီကျော်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း ဒေသခံများကပြောသည်။
မီးလောင်ရာတွင် ပါသွားသည့်ဆိုင်ခန်းအများစုမှာ မူဆလင်လူမျိုးများ၏ ဆန်ဆိုင်၊ ကုန်စုံဆိုင်နှင့် ပန်းပဲဆိုင်များပါဝင်ပြီး ရခိုင်အမျိုးသမီးတစ်ဦး၏ ကုန်စုံဆိုင်တစ်ဆိုင်လည်း ပါဝင်ကြောင်း ညောင်ချောင်းဈေးတွင် ဈေးဆိုင်ဖွင့်ထားသည့် ဦးအောင်စံထွန်းမှ နိရ ဉ္စရာသို့ ပြောသည်။
"ဆန်တန်းနဲ့ ပန်းပဲတန်း နှစ်တန်းပါသွားတယ်။ မီးလောင်းတဲ့ အခန်းကတော့ ၂၀ ကျော် လောက်ရှိမယ်ထင်တယ်။ လူတွေတော့အများလာပြီး ဝိုင်းပြီး မီးသတ်မှ မီးကငြိမ်းသွားတယ်။ ဘယ်အဆောင်ကနေ စလောင်တာလဲဆိုတာ လူတွေလည်းမသိ၇သေးဘူး "ဟုပြောသည်။
မီးလောင်မှုကြောင့် ဈေးဆိုင်ခန်း ၂၆ ခန်းမီးလောင်ပျက်စီးသွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးကို မသိ၇သေးပါ။
လက်ရှိတွင် မီးလောင်မှုဖြစ်ရသည့်အကြောင်းအရင်းကို ညောင်ချောင်း နယ်ခြားစောင့်ရဲတပ်ဖွဲ့များက စုံစမ်းစစ်ဆေးနေကြောင်းသိ၇သည်။
အဆိုပါညောင်ချောင်းဈေးတွင် ဈေးဆိုင်ခန်းပေါင်း ၂၀၀ ကျော်ခန့်ရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိ၇သည်။ (NN-8)
#မီးဘေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.