English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
စက်သုံးဆီဈေးများ အဆမတန်မြင့်တက်လာ၍ ရခိုင်တွင် လူမှုကူညီရေးအသင်းအဖွဲ့များ အခက်အခဲ ဖြစ်လာနေ
ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :6308
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၁/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် စက်သုံးဆီဈေးများအဆက်မတန်မြင့်တက်လာ၍ လူမှုကူညီရေးပရဟိတအသင်းအဖွဲ့များအနေဖြင့် ကူညီဆောင်ရွက်ရေးလုပ်ငန်းများလည်ပတ်ရာတွင် ခက်ခဲမှုများရှိလာသည်ဟု သိ၇သည်။
ယခင်ဆီဈေးမတက်သေးခင်ကဆိုလျှင် လူနာများနှင့် သွေးလှူရှင်များကို အခမဲ့ပို့ဆောင်ပေးနိုင်ခဲ့သော်လည်း ယခုဆီဈေးမြင့်တက်လာပြီးနောက် ခရီးဝေးဆိုလျှင် လူနာများနှင့် လူနာမိသားစုများထံမှ ဆီဖိုးများကိုပါ အားနာနာဖြင့် မေတ္တာရပ်ခံတောင်းဆိုရမှုများရှိလာနေရသည်ဟု စစ်တွေမြို့မှ ရွှေရောင်မေတ္တာဖောင်ဒေးရှင်းဥက္ကဋ္ဌ ကိုမင်းထည်ဝါက ပြောသည်။
"ကျွန်တော်တို့က စစ်တွေမြို့တွင်းဆိုရင် အခမဲ့ကူညီဆောင်ရွက်ပေးပါတယ်။ အခုနောက်ပိုင်း ဆီဈေးက တအားမြင့်တက်လာတော့ ခရီးဝေးတွေဆိုရင် ဆီဖိုးလေး မေတ္တာရပ်ခံနေ၇ပါတယ်"ဟု ပြောသည်။
ရွှေရောင်မေတ္တာဖောင်ဒေးရှင်းသည် စစ်တွေမှတဆင့် ရန်ကုန်သို့ပင် လူနာများသွားရောက်ပို့ဆောင်ရမှုများရှိသည့်အတွက် မေလ ၁ လအတွင်း စက်သုံးဆီသုံးစွဲ၇မှုပမာဏမှာ ကျပ်သိန်း ၈၀ ဖိုးခန့်ရှိခဲ့သည်ဟုလည်း သိ၇သည်။
အလားတူ စစ်တွေမြို့ရှိ ကရုဏာရောင်ခြည်သွေးလှူရှင်အသင်းတွင်လည်း လစဉ်ရန်ပုံငွေအလုံအလောက်မရှိသည့်အပြင် ယခုဆီဈေးတက်လာသည်နှင့်တပြိုင်နက် ငွေကြေးအခက်အခဲများရှိလာနေသည်ဟု အသင်းဥက္ကဋ္ဌ မရွှေမိုးဝိုင်းက ပြောသည်။
"အခုက ဆီဈေးတက်လာတော့ ဆီဈေးတွေ မေတ္တာရပ်ခံရပါတယ်။ ဒါတောင် တတ်နိုင်တဲ့လူနာရှင်တွေဆီကမှ ၇တာပေါ့နော်။ မတတ်နိုင်တဲ့လူနာတွေကိုကျတော့ နားလည်ပေးပြီးလည်း ကူညီပေးပါတယ်"ဟု ပြောသည်။
လက်ရှိ စစ်တွေရှိ ရွှေရိုးမစက်သုံးဆီဆိုင်ပေါက်ဈေးအ၇ အောက်တိန်း(92)တစ်လီတာလျှင် ကျပ် ၂,၃၀၀ ကျော်ရှိနေပြီး ကျေးလက်များတွင် အောက်တိန်း(92)တစ်လီတာလျှင် ကျပ် ၃ ထောင်ခန့်အထိ ရှိနေကြောင်း သိ၇သည်။
ထိုသို့ ဆီဈေးနှုန်းများမြင့်တက်မှုကြောင့် လူမှုကယ်ဆေးရေးအတွက် သွားရောက်ကူညီရာတွင်လည်း အချိန်နှောင့်နှေးကြန့်ကြာမှုများရှိပြီး သွားလာရေးခက်ခဲမှုများဖြစ်နေသည်ဟု ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာမှ သုခမိတ္တာနာရေးကူညီမှုအသင်း၏ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ဦးစိုးမင်းထွန်းက ပြောသည်။
"အရင်ဆိုရင် စစ်တွေကို ခရီးတစ်ကြောင်းသွားရင် အလွန်ဆုံး ၃သောင်း၊ ၄သောင်းပေါ့။ အခုဆိုရင်တော့ ၆ သောင်းလောက်လိုပါတယ်"ဟု ပြောသည်၊၊
ရခိုင်တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်နေသည့်အတွက် လူမှုကူညီရေးအသင်းအဖွဲ့များအပါအဝင် စက်သုံးဆီသုံးစွဲနေရသည့် အမြန်ယာဉ်နှင့် အနှေးယာဉ်မောင်းသမားများနှင့် ခရီးသည်များအနေဖြင့် အလွန်တရာ အခက်အခဲ အကျပ်အတည်းများဖြစ်ပေါ်နေရသည်ဟု သိ၇သည်။ (NN-13)
#လူမှုရေးရာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.