Preview

မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့စတင်ဖွင့်လှစ်၊ ၇ခိုင်ပြည်နယ်တွင်ကျောင်းပေါင်း ၃၀၀၀ကျော်ဖွင့်လှစ်သင်ကြား

ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :8573
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇွန် ၂/၂၀၂၂
မြန်မာတစ်နိုင်ငံလုံးရှိ အခြေခံပညာကျောင်းများကို ယနေ့ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၇ခိုင်ပြည်နယ်တွင် ကျောင်းပေါင်း ၃၀၀၀ ကျော် ဖွင့်လှစ်ခဲ့ကြောင်း သိ၇သည်။
၇ခိုင်တွင်လည်း ယခု ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်း ၇ခိုင်တွင် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းစာသင်ကျောင်းပေါင်း ၃၁၈၈ ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၈၀ နှင့် ကိုယ်ပိုင်အထက်တန်းကျောင်း ၅၀ ကို ယနေ့မှစတင်ကာ ဖွင့်လှစ်နေပြီဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိ၇သည်။
၂၀၁၇ ခုနှစ်မှစတင်ကာ ပဋိပက္ခများနှင့် တိုက်ပွဲများကြောင့် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နှင့် ကျောက်တော်မြို့နယ်တို့တွင်ပိတ်ထား၇သည့် စာသင်ကျောင်း ၁၂၂ ကျောင်းကိုမူ ယခုနှစ်တွင်လည်း ဖွင့်လှစ်နိုင်ဦးမည်မဟုတ်ဟု ပြည်နယ်ပညာရေးမှူး ဦးဘထွီးစိန်က ပြောဆိုထားသည်။
၇ခိုင်တွင် ယခုပညာသင်နှစ်အတွင်း ယမန်နေ့ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံထားသူ ၃ သိန်း ၆ သောင်းကျော်ရှိသည်ဟု သိ၇သည်။
မြန်မာတစ်နိုင်ငံလုံးတွင် ယခုစာသင်နှစ်အတွင်း ယမန်နေ့ ဇွန်လ ၁ ရက်အထိ ကျောင်းအပ်နှံထားသည့် ကျောင်းသား၊ ကျောင်းသူပေါင်း ၅ ဒသမ ၂ သန်းကျော်ရှိသည်ဟု စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယမန့်နေ့ကပြုလုပ်သည့် စစ်ကောင်စီသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။(NN-8)
Photo- (NN-4)/ (NN-12)

#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.