Preview

မြောက်ဦးရှိ မြို့စောင့်နတ်ရုပ် ၂ ရုပ် ဖျက်ဆီးခံရ

ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :4352
ရခိုင် သတင်း
နိရဥ္ဇရာ၊ ဇွန် ၂ /၂၀၂၂
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ နန်းတော်ရာကုန်းဒုတိယအထပ်တွင်တည်ရှိသည့် မြို့စောင့်နတ်ရုပ် ၂ ရုပ်သည် ယမန်နေ့ညက ဖျက်ဆီးခံလိုက်ရသည်ဟု သိ၇သည်။
ဖျက်ဆီးခံလိုက်ရသောနတ်ရုပ်တု ၂ ရုပ်မှာ ဓက္ကားမင်း(ခေါ်) အဘိုးရှင်နတ်မောင်နှင့် မြောက်ဦးနန်းသူ ဂမှုံးဖြူအမည်ရှိ နတ်ရုပ်များဖြစ်သည်။
အဆိုပါနတ်ရုပ်များကို သံဆန်ကာများဖြင့်ခြံခတ်ကာရံထားသော်လည်း မသမာသူများက ယမန်နေ့ ဇွန်လ ၁ ရက် ည ၉ နာရီကျော်အချိန်တွင် ယင်းခြံစည်းရိုးကိုကျော်ကာ နတ်ရုပ်များ၏ မျက်လုံးများနှင့်နှာခေါင်းများကို ဖျက်ဆီးသွားခြင်းဖြစ်သည်ဟု မြောက်ဦးမြို့ခံ ကိုကျော်စိုးနိုင်က ပြောသည်။
"အဓိကဖျက်ဆီးခံလိုက်ရတာက မျက်လုံးတွေပါ။ ခန္ဓာကိုယ်မှာတော့ အနည်းငယ် ပွန်းပဲ့သွားတာတွေ တွေ့၇ပါတယ်"ဟု ဆိုသည်။
အဆိုပါနတ်ရုပ်များပျက်စီးနေသည်ကို ယနေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းတွင် နန်းတော်ရာကုန်းသို့ အမြဲတမ်းသွားလာနေကြသည့် မြို့ခံလူကြီးများက မြင်တွေ့ခဲ့ကြခြင်းဖြစ်သည်ဟု သိ၇သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြောက်ဦးမြို့ရှေး/သုမှ တာဝန်ရှိသူများကို ဆက်သွယ်ခဲ့ရာ ၎င်းတို့မှာ အစည်းအဝေးပြုလုပ်နေသည်ဟု ပြောဆိုပြီး ဖုန်းချသွားခဲ့သည်။
လက်ရှိတွင် ယင်းနတ်ရုပ်များ၏ ပျက်စီးသွားသည့်အစိတ်အပိုင်းများအား ပြန်လည်ပြုပြင်ရေးလုပ်ငန်းများနှင့် နတ်ရုပ်များ၏ သမိုင်းကြောင်းအတ္ထုပ္ပတ္တိတို့ကို မသိရှိ၇သေးပေ။ (NN-13)
ဓာတ်ပုံ - ကိုခိုင်မင်းသျှင်

#ရှေးဟောင်းယဉ်ကျေးမှု
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.