Preview

မြောက်ဦးရှိ လက်ဆည်ကန်၌ ရှေးဟောင်းလှေဟုယူဆရသော လှေအပျက်တစ်စီးတွေ့ရှိ

ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7985
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၃/ ၂၀၂၂
ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ လက်ဆည်ကန်၌ ယမန်နေ့က ရှေးဟောင်းလှေဟုယူဆရသော လှေအပျက်တစ်စီးကို တွေ့ရှိခဲ့သည်ဟု သိ၇သည်။
အဆိုပါလှေသည် ယမန်နေ့ ဇွန်လ ၂ ရက် ညနေ ၅ နာရီခန့်တွင် လက်ဆည်ကန်၌ ကလေးများရေချိုးနေချိန် ရေအောက်မှ သစ်တုံးကဲ့သို့ပေါ်တက်လာပြီး ဆယ်ယူကြည့်ရာမှ လှေအပျက်တစ်စီးဖြစ်နေကြောင်း သိ၇သည်။
ယင်းလှေအပျက်ကို ရေချိုးနေသော ကလေးများက ဆွဲတင်ကြသော်လည်း ဆွဲတင်၍ မနိုင်သောကြောင့် စည်ပင်မှလူများကို ခေါ်ယူကာ ဆွဲတင်ခဲ့ကြရသည်ဟု ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သည့် မြို့နယ်စည်ပင်အဖွဲ့မှ ကိုစိုးဝင်းချေက ပြောသည်။
"ဒီလှေက ပြိုင်လောင်းတော့ မဟုတ်ဘူးထင်တယ်။ ပြိုင်လောင်းဆိုရင်တော့ အဲ့လောက်မကြီးဘူး။ ရှေး၇ခိုင်တွေ အသုံးပြုခဲ့တဲ့ လှေတစ်စီးဖြစ်မယ်"ဟု ပြောသည်။
လှေအရွယ်အစားမှာ အလျား ၁၆ ပေခန့်၊ အနံ ၄ ပေခန့်ရှိပြီး ရေထဲတွင် နောက်ထပ် ၁၀ ပေခန့်ပျက်စီးပြီးကျန်ခဲ့ဦးမည်ဟု ဆက်ပြောသည်။
ယင်းလှေမှာ ထွင်းလှေအမျိုးအစားဖြစ်ပြီး လှေ၏ဘေးအနားသတ်တွင် အပေါက်များဖောက်ထားသည်ကိုတွေ့၇သည်ဟုလည်း ပြောသည်။
လှေကိုပြုလုပ်ထားသည့်သစ်အမျိုးအစားမှာ သင်္ဂနက်သစ်အမျိုးအစားဖြစ်ပြီး ရှေးရခိုင်များသည် လှေ၊ သင်္ဘောများပြုလုပ်ရာတွင် ရေ၌တာရှည်ခံသည့် သင်္ဂနက်သစ်အမျိုးအစားကို အသုံးပြုခဲ့ကြသည်ဟု သစ်အကြောင်းနားလည်သူများက လာရောက်ကြည့်ရှုစဉ်ပြောကြားသွားသည်ဟုလည်း ကိုစိုးဝင်းချေက ဆိုသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရှေးဟောင်းလှေဟုတ်/မဟုတ်ဆိုသည်ကို မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခင်သန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ခရီးလွန်နေ၍ သွားမကြည့်ဖြစ်သေးသည့်အတွက် မပြောနိုင်သေးဟု ပြောသည်။
ဆက်လက်၍ မြောက်ဦးမြို့ ရှေး/သုဌာနမှ ညွှန်ကြားရေးမှူး ဦးကြည်ခင်ကိုဆက်သွယ်ခဲ့သော်လည်း အစည်းအဝေးတက်နေ၍မအားသေးဟု ဆိုသည်။
လက်ရှိတွင် အဆိုပါလှေအပျက်ကို တွေ့ရှိသည့်နေရာတွင် ထားရှိပြီး အများသူငါ လာရောက်ကြည့်ရှုနေကြသည်ဟု သိ၇သည်။ (NN-12)
ဓာတ်ပုံ - Htet Aung Kyaw facebook

#ရိုးရာယဉ်ကျေးမှု အစဉ်အလာ
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.