English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ကျောက်ဖြူ သံဇစ်မြစ်တွင်ပျောက်ဆုံးနေသော ဆယ်ကျော်သက်ညီအစ်ကို ၂ ဦးအားသေဆုံးလျက်ပြန်တွေ့
ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :4491
ရခိုင် သတင်း
နိရဉ္ဇရာ ဇွန် ၆/၂၀၂၂
၇ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် သံဇစ်မြစ်တွင် ပျောက်ဆုံးနေသော ဆယ်ကျော်သက်ညီအစ်ကို ၂ ဦးအား သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့သည်ဟု သိ၇သည်။
အဆိုပါကလေး ၂ ဦးမှာ ကျောက်ဖြူမြို့ သန်ပန်ချောင်းရပ်ကွက်မှ အသက် (၁၅)အရွယ် မောင်ပိုင်စိုးမိုးနှင့် အသက် (၁၀)နှစ်အရွယ် မောင်စိုးပိုင်တို့ ညီကိုအရင်းဖြစ်ကြသည်။
သေဆုံးနေသည့်သူတို့ညီအစ်ကို ၂ ဦး၏ရုပ်အလောင်းကို ယမန်နေ့ ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် သံဇစ်မြစ်ကမ်းနံဘေး၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု သွားရောက်ရှာဖွေရာတွင်ပါဝင်ခဲ့သည့် ကျောက်ဖြူမြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှ ဒုမြို့နယ်တပ်ဖွဲ့မှူး ကိုဝင်းနိုင်ထွန်းက နိရဉ္စရာသတင်းဌာနကို ပြောသည်။
"ကျွန်တော်တို့ ဇွန်လ ၄ ရက်နေ့က ၈ နာရီခွဲကနေ ၁၂ နာရီအချိန်ထိ ရှာတယ်။ မတွေ့ဘူး။ မနက်ရောက်တော့ပြန်ရှာဖို့လုပ်တော့ သံဇစ်မြစ်ကမ်းနားမှာ သေဆုံးပြီး တင်နေတာတွေ့၇ပါတယ်"ဟု ပြောသည်။
သူတို့ညီအစ်ကိုနှစ်ဦးသည် ဇွန်လ ၄ ရက် ညနေ ၄ နာရီခွဲခန့်က သံဇစ်မြစ် အတွင်း အမှတ်(၁)ဆိပ်ကမ်းနှင့် အမှတ်(၃)ဆိပ်ကမ်းအကြားတွင် ရေကူးနေစဉ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။
သူတို့သည် ကျောင်းမနေကြတော့ဘဲ မိဘကို ဝိုင်းကူလုပ်ပေးနေကြသူများ ဖြစ်သည်။
သူတို့အလောင်းများကို ယမန်နေ့ညနေပိုင်းတွင် ကျောက်ဖြူမြို့မသုသာန်၌ သင်္ဂြိုလ်ခဲ့သည်ဟု သိ၇သည်။ (NN-13)
#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.