English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
ပလက်၀မှ ဦးမဲကျော့အား AA ကို သတင်းပေးသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခြင်းဟုဆို
ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7924
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၇/၂၀၂၂
ချင်းပြည်နယ်၊ ပလက်၀မြို့မှ ဒေသခံရခိုင်အမျိုးသားတစ်ဦးဖြစ်သူ ဦးမဲကျော့အား စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းမှာ ရက္ခိုင့်တပ်တော် (AA)ကိုသတင်းပေးသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးခြင်း ဖြစ်ကြောင်း ၎င်း၏ မိသားစုဝင်များကပြောသည်။
ဦးမောင်မဲကျော့နှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက “ သူ့ကို ဖမ်းဆီးတာကို ခလ၇ ၂၈၉ ဘက်က အကြောင်းကြားတာက ရက္ခိုင့်တပ်တော်နဲ့ ချိတ်ဆက်ပြီး သတင်းပေးမှုကြောင့် ဖမ်းဆီး ၇တာဖြစ်တယ်လို့ အကြောင်းကြားတယ်” ဟု ပြောသည်။
သို့သော်လည်း ဦးမဲကျော့သည် ရိုးရိုးသားသား တောင်ယာလုပ်ကိုင်နေသူ တစ်ဦးသာဖြစ်သည်ဟု ၎င်းက ပြောဆိုသည်။
" သူကတောင်ယာလုပ်စားတဲ့သူတစ်ယောက်ပါ။ အဲဒါတွေနဲ့လည်း ဆက်စပ်မှု မရှိဘူး။ နောက်ထပ် တစ်ခုက အဆက်အသွယ်မှလည်း မ၇ဘူး။ ဖမ်းဆီးပြီးတော့ ပိတ်လှောင်ထားတယ်။ မိသားစု တွေနဲ့လည်း လုံး၀တွေ့ဆုံခွင့် မ၇ဘူး" ဟု ပြောသည်။
ဦးမဲကျော့သည် တောင်ယာလုပ်ငန်းအပြင် ပလက်၀ ပလက်၀မြို့မရပ်ကွက်တွင် ဈေးဆိုင်ရောင်းသူတစ်ဦးလည်း ဖြစ်သည်ဟု သိ၇သည်။
၎င်းအား ပြီးခဲ့သည့် ဇွန် ၄ ရက် ည ၈ နာရီခန့်တွင် စစ်သားများက ပလက်၀ အခြေစိုက်တပ်ရင်း ခလ၇ ၂၈၉ သို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိ၇သည်။
ဦးမဲကျော့သည် ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့၊ နံနက်က ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့သည့် အဘောင်သားကျေးရွာ အနီးတွင်လည်း တောင်ယာလုပ်ငန်း လုပ်ကိုင်သူတစ်ဦး ဖြစ်ကြောင်း ပလက်၀ဒေသခံများကပြောသည်။
ပြီးခဲ့သည့် မေလ ၂၆ ရက် နံနက် ၁၀နာရီအချိန်ခန့်က ပလက်၀မြို့နှင့် တစ်မိုင်ခန့်ဝေးသည့် အဘောင်သားကျေးရွာအနီးတွင် ရက္ခိုင့်တပ်တော် (AA) နှင့် မြန်မာစစ်ကောင်စီတပ်တို့အကြား ၁နာရီ နီးပါးကြာ တိုက်ပွဲဖြစ်ပွား ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံးများခဲ့သဖြင့် ဒေသခံရခိုင်များကို ပစ်မှတ်ထားကာ ဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံများက ပြောကြားသည်။
၎င်းတိုက်ပွဲဖြစ်ပွားပြီး နောက်ပိုင်းတွင် အဘောင်သားကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး နှစ်ဦးတို့ကို ဖမ်းဆီးခဲ့ပြီး ၂ ရက်အကြာတွင်ဆယ်အိမ်မှူးနှစ်ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း အုပ်ချုပ်ရေးမှူးမှာမူ ယနေ့အချိန်ထိ မိသားစုနှင့် အဆက်အသွယ်မရဘဲ ထိန်းသိမ်းစစ်ဆေးခံနေရသည်ဟု သိ၇သည်။
လက်ရှိ အချိန်တွင် အဘောင်သားကျေးရွာသားများကိုလည်း ဖမ်းဆီးခြင်း၊ ဖုန်းများကိုစစ်ဆေးခြင်းနှင့် ရွာအဝင်အထွက်ကို တင်းကျပ်ခြင်း အပြင် ကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ နေရာယူထားသည်ဟု သိ၇သည်။ (NN-8)
#သတင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.