Preview

၇ခိုင်တွင် မူလတန်းကျောင်းသား ၃ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေ

ဇွန် ၀၇/ ၂၀၂၂ | ကြည့်ရှုသူ :7476
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇွန် ၇/၂၀၂၂
၇ခိုင်တွင် မူလတန်းကျောင်းသား၊ ကျောင်းသူပေါင်း ၃ သိန်းကျော်ကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးပေးနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိ၇သည်။
တရုတ်နိုင်ငံထုတ် Sinopharm အမျိုးအစားကိုဗစ်ကာကွယ်ဆေးကို ပြီးခဲ့သည့်အပတ်မှစတင်ထိုးပေးနေခြင်းဖြစ်ပြီး လက်ရှိတွင် အသက် ၅ နှစ်မှ ၁၂ နှစ်အထိ အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူဦးရေ ၂၀,၅၂၁ ဦးကို ထိုးနှံပြီးစီးသွားပြီဟု သိ၇သည်။
ဆက်လက်၍ မူလတန်းကျောင်းသူ၊ ကျောင်းသားဦးရေ ၃ သိန်း ၆ သောင်းခန့်အထိ ထိုးပေးသွားရန်ရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က နိရ ဉ္စရာသို့ပြောသည်။
"ဆေးမထိုးမနေရဆိုပြီး မှာထားတာမျိုးတော့ မရှိဘူး။ ထိုးတာကေတာ့ ကောင်းတာပေါ့နော်။ စည်းရုံးတဲ့သဘောပဲ။ ဒါပေမယ့် ကိုယ်တိုင်ဆုံးဖြတ်၇တာပေါ့လေ" ဟုပြောသည်။
ယခုထိုးပေးနေသည့် တရုတ်ထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေးသည် အသက် ၅ နှစ်နှင့်အထက် ကေလးများကို ထိုးနှံရန်အတွက် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာန (FDA)က ခွင့်ပြုထားကြောင်းလည်း သိ၇သည်။
ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက် မူလတန်းကျောင်းတွင် ပညာသင်ကြားနေသည့် မူလတန်းကလေးငယ်တစ်ဦး၏ မိဖတစ်ဦးက အဆိုပါကိုဗစ်ကာကွယ်ဆေးအား မူလတန်းကလေးများကို မဖြစ်မနေထိုးရမည်ဖြစ်ပြီး ဆေးထိုးမည့်အကြောင်းအရာများအား သေချာရှင်းလင်းမှုမရှိသဖြင့် စိုးရိမ်မှုရှိကြောင်း ပြောသည်။
"မထိုးရင် ကျောင်းမတက်ရဘူးဆိုပြီးတော့။ မထိုးလို့မရဘူးလို့ ကျောင်းအုပ်က ပြောတယ်။ ဆေးထိုးမယ့်အကြောင်းလည်း တစ်ခုမှ ရှင်းမပြဘူး။ ဆေးအကြောင်းကို မရှင်းပြတော့ ကလေးတွေ တစ်စုံတစ်ခုဖြစ်သွားမှာကို စိုးရိမ်မိတယ်" ဟုပြောသည်။
၇ခိုင်တွင် အသက် ၁၅ နှစ်မှ အသက် ၁၈ နှစ်အထိ ကျောင်းသား၊ ကျောင်းသူများကိုလည်း မြန်မာနိုင်ငံထုတ် Myancopharm အမျိုးအစား ကိုဗစ်ကာကွယ်ဆေးကို ထိုးပေးနေရာ လက်ရှိတွင် ကျောင်းသားဦးရေ ၄၇၀ အထိ ထိုးပြီးနေပြီဖြစ်ကြောင်း သိ၇သည်။
အဆိုပါ Myancopharm ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံမှ စက်မှုဝန်ကြီးဌာနနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ Sinopharm China National Biotec Group တို့ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်မတ်လက စတင်ထုတ်လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
၇ခိုင်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်မှစတင်ကာ အသက် ၁၂ နှစ်အထက် အလယ်တန်းနှင့် အထက်တန်းအဆင့်ကျောင်းသား၊ ကျောင်းသူများကို တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားကိုဗစ်ကာကွယ်ဆေးအား စတင်ထိုးနှံပေးခဲ့သည်။ (NN-8)
Photos - We Love Sittwe

#ကိုရိုနာဗိုင်းရပ်စ်
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.