နိရဉ္စရာ၊ ဇွန် ၉/ ၂၀၂၂
၇ခိုင်လူငယ် ၁၄ ဦးမှာ ရှမ်း-တရုတ်နယ်စပ် လောက်ကိုင်တွင်အလုပ်အကိုင်၇မည်ဟုဆိုကာ ငွေ ကျပ် ၈၅ သိန်းကို ပွဲစားဖြစ်သူက လိမ်လည်သွားသဖြင့် လောက်ကိုင်ရောက်ပြီးမှမိမိနေရပ် ရခိုင်ပြည်သို့ ပြန်လှည့်လာခဲ့ရသည်ဟု သတင်းရရှိသည်။
ယခုကဲ့သို့ ပွဲစားလိမ်လည်မှုကို ခံရသည့် ၇ခိုင်လူငယ်များမှာပုဏ္ဏားကျွန်းမြို့နယ်မှ ၁ ဦး၊ မင်းပြားမြို့နယ် ဂန်ချောင်ကျေးရွာမှ ၁၁ ဦးနှင့် အိုးပုံတောင်ကျေးရွာမှ၂ ဦးဖြစ်ကြောင်း သိရှိ၇သည်။
ပွဲစား၏ အလိမ်ခံ၇သူ တစ်ဦးဖြစ်သူ ကိုထွန်းလင်းနိုင်က“ကျွန်တော်တို့ကိုရွာပွဲစား ကုလားမတောင်ရွာက လှမောင်သိန်းက ဆက်သွယ်ပြီး လောက်ကိုင်မှာ အလုပ်ရမယ်။ တစ်နေ့တရုတ်ငွေ ၈၀ ရမယ်။ကိုယ့်အစားနဲ့ဆို တရက် ၁၀၀ ၇မယ်ဆိုပြီး ဆက်သွယ်ပါတယ်။ သူ့အဆက်နဲ့ကျွန်တော်တို့လာတာ။ အခု ပိုက်ဆံလည်းပေးပြီးမှအလုပ်မရတာကြောင့် လောက်ကိုင်ကနေ လားရှိုး၊ လားရှိုးကနေ အခု မန္တလေးကို ပြန်လာခဲ့ရပါတယ်။အဲဒီမှာ နေစရာ စားစရာမရှိလို့ အိမ်က ငွေပြန်မှာပြီး ကျွန်တော်တို့ အခု မန္တလေးကို ပြန်လာနေပါပြီ။အခု ကားပေါ်မှာပါ” ဟု ပြောသည်။
ပွဲစားဖြစ်သူနှင့် အဆိုပါလူငယ်များမှာ လောက်ကိုင်အရောက်ငွေကျပ် ၇ သိန်းနှင့်ဈေးတည့်သည့် အတွက် ဇွန်လ ၅ ရက်နေ့တွင် ဦးလှမောင်သိန်းမှ မန္တလေးကိုပို့လိုက်ပြီး မန္တလေးရှိ မောင်အေးသန်း ဆိုသူက လောက်ကိုင်ကို ပို့ပေးခဲ့ကြောင်း၊ လောက်ကိုင်ရောက်ပြီးမှအဆက်အသွယ် လုပ်၍ မ၇တော့သဖြင့် အခက်အခဲကျရောက်ကာပြန်လာခဲ့၇ကြောင်း ၎င်းတို့က ပြောသည်။
အဆိုပါ လူငယ်များမှာ ဇွန်လ ၆ ရက်နေ့ မန္တလေးရောက်ပြီးမှကိုမောင်အေးသန်းဆိုသူထံတွင် တစ်ဦးလျှင် ငွေ ၅ သိန်း၊ ၄သိန်းခွဲ၊ ၆ သိန်းစဖြင့် စုစုပေါင်းကျပ်ငွေ ၈၅ သိန်းရှင်းပေးခဲ့ကြောင်း ကိုထွန်းလင်းနိုင်ကဆိုသည်။
သူတို့ လောက်ကိုင်တွင် ကြုံတွေ့ခဲ့၇သည့် အခက်အခဲများကိုလည်းကိုထွန်းလင်းနိုင်က ယခုကဲ့သို့ ဆက်ပြော သည်။
“ ကျွန်တော်တို့လောက်ကိုင်ရောက်သွားတော့ အဲဒီမှာ သူတို့အကြောင်းကြားထားတဲ့ လူတစ်ယောက်က ကျွန်တော် တို့ကိုခေါ်လာတယ်။ပြီးတော့အလုပ်နေရာတခုကို ခေါ်သွားတယ်။ အဲဒီမှာ ကျွန်တော်တို့ ခဏထိုင်နေတော့ ကျွန်တော်တို့ကိုခေါ်လာတဲ့သူလည်း ပျောက်သွားတယ်။ အဲဒီမှာ တရုတ်သူဌေးတွေက ကျွန်တော်တို့ကို မင်းတို့ဒီနေရာကထွက်သွားလို့နှင်ထုတ်ခံရလို့ ကျွန်တော်တို့ထွက်လာ၇တယ်” ဟု ပြောဆိုသည်။
သူတို့မှာ နှင်ထုတ်ခံရသည့်အတွက် နေစရာမရှိစားစရာမရှိဘဲသွားလာနေစဉ်တနေရာတွင် ရခိုင်လူငယ် တစ်ဦးနှင့်တွေ့ပြီး သူ့အကူအညီနှင့် ပလောင်ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းတွင် တစ်ည အိပ်ခဲ့၇ပြီး ထမင်း ၂ ထပ် ငတ်ခဲ့၇ကြောင်းလည်း သူကပြောပြသည်။
နောက်ထပ် လောက်ကိုင်သို့ အလုပ်လုပ်ရန် လာမည့်သူများရှိနေသည့်အတွက်အသိ ပေးထားကြောင်းလည်း ကိုထွန်းလင်းနိုင်ကပြောသည်။
“ကျွန်တော် အဓိကပြောလိုတာကတော့ နောက်ထပ်ရခိုင်တွေ ကျွန်တော်တို့လို့မဖြစ်အောင်ပြောချင်တာပါ။ သူတို့မှာကျွန်တော်တို့ မင်းပြားတစ်နယ်တည်းမဟုတ်ဘူး ပေါက်တော၊ မြောက်ဦး၊ပုဏ္ဏားတွေဘက်မှာလည်း အဆက်ရှိတယ်ပြောတယ်။ ဒီနေ့တောင် ပုဏ္ဏားကျွန်းက လူတွေ လိုက်လာတယ်လို့ကြားတယ်။ကျွန်တော်တို့ ကတော့ အသိပေးထားတယ်။ အကိုတို့မလာကြပါနဲ့ ကျွန်တော်တို့ ဒီလိုဒီလို အခက်အခဲကျတယ်ဆိုတာမျိုးကိုပြောထားတယ်။”
ယခု မန္တလေးကို ပြန်လာသည့် ရခိုင်လူငယ်များမှာ သူတို့ကိုလားရှိုးကနေ လောက်ကိုင်ကို ပို့ပေးခဲ့သည့် ကားဆရာကို ဆက်သွယ်ပြီးငွေကို အိမ်ကငွေမှာပြီးမန္တလေးရောက်မှ ကားခရှင်းမည်ဟုဆိုကာ အဆိုပါကားဆရာ အကူအညီနှင့် ပြန်လာနေကြခြင်းဖြစ်သည်။
ယခု အလိမ်လည်ခံခဲ့ကြ၇သည့် လူငယ်များမှာ ကျော်ဆန်းဝင်း၊ ကျော်ကျော်ဝင်း၊အောင်ဆန်း၊ ဦးစိုးဝင်း၊ ပြေတီဦး၊ မောင်ကျော်သန်း၊ ဦးဝင်းနိုင်၊ ကျော်အောင်ဆန်း၊ ထွန်းလင်းနိုင်၊နေထွန်းလင်း၊ ဦးကျော်မင်း၊ စိန်အောင်ကျော်၊ ညွှန့်တင်အောင်နှင့် နောက်တစ်ဦးတို့ ဖြစ်ကြသည်။
ရခိုင်ပြည်တွင် အလုပ်အကိုင်ရှားပါးမှုကြောင်း ရခိုင်လူငယ်အများစုမှာတရုတ်၊ထိုင်းနှင့် မလေးရှား စသည့် နိုင်ငံများကို ပွဲစားများနှင့်ဆက်သွယ်ပြီး အလုပ်လုပ်ရန်သွားရောက်စဉ် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုဖြင့် ဖမ်းဆီးခံရခြင်းများရှိသလို ပွဲစားလိမ်လည်ခြင်းများကို မကြာခဏ ကြုံတွေ့ နေကြရကြောင်းလည်းသိရှိ၇သည်။
အလားတူ ၇ခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊စစ်အောင်ကျေးရွာနှင့် ရွှေလှိုင်ကျေးရွာမှ အမျိုးသား၊ အမျိုးသမီး ၈ဦးတို့သည် မေလ ၁၄ ရက်မလေးရှားသွားရန် ငွေကျပ်သိန်း (၈၀) ပေးပြီးမှ ပွဲစား၏လိမ်လည်မှုကို ခံခဲ့ကြ၍ မွန်ပြည်နယ် ရေးမြို့မှတဆင့် ရန်ကုန်မြို့သို့ပြန်လာကြရသည်ဟု ကာယကံရှင်များက ပြောသည်။
ပွဲစားများ၏ လိမ်လည်မှုကိုခံခဲ့ကြရသည့် အမျိုးသား၊အမျိုးသမီး ရှစ်ဦးမှာ ကျောက်တော်မြို့နယ်စစ်အောင်ကျေးရွာမှ မတင်တင်အေး (ဘ) ဦးကျော်စိန်၊ မောင်မိုးမြင့်အောင်(ဘ)ဦးမောင်လှအောင်၊မောင်ကျော်ဆန်း(ဘ) ဦးမောင်စောနု၊ မောင်ဦးစံကျော် (ဘ)ဦးထွန်းဝင်း၊မောင်သိန်းထွန်း (ဘ) ဦးကျားချေ၊ မမေလတ်ချေ(ဘ)ဦးမောင်မောင်ဝင်းတို့ဖြစ်ကြပြီးနောက်ထပ် နှစ်ဦးမှာ ရွှေလှိုင် ကျေးရွာမှ မနွယ်နွယ်သန်း(ဘ) ဦးမောင်ထွီးနှင့် မအေးသန်းရီ(ဘ)ဦးအောင်စိန်တို့ဖြစ်ကြသည်။ ( NN-14)