Preview

ရခိုင်တွင် စစ်ရေးတင်းမာလာမှုကို ညှိနှိုင်း၍မရသည့်အခြေအနေဖြစ်နေဟု AA ပြော

ဇွန် ၁၅/ ၂၀၂၂ | ကြည့်ရှုသူ :1035
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၁၄/ ၂၀၂၂
လက်ရှိရခိုင်ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့အကြား စစ်ရေးတင်းမာလာနေသည်ကို ညှိနှိုင်းဆောင်ရွက်မှုများပြုလုပ်နေသော်လည်း ညှိနှိုင်း၍မရသည့်အခြေအနေရှိနေကြောင်း AA ဘက်က ပြောဆိုလိုက်သည်။
ယနေ့ ဇွန်လ ၁၄ ရက် နံနက် ၁၀ နာရီတွင်ပြုလုပ်သည့် ULA/ AA ၏ တတိယအကြိမ်မြောက် သတင်းစာရှင်းလင်းပွဲတွင် ULA/ AA ၏ ပြောခွင့်၇သူ ဦးခိုင်သုခက ယခုကဲ့သို့ပြောဆိုသွားခြင်းဖြစ်သည်။
စစ်ကောင်စီအနေဖြင့် ULA တရားရုံးများ၌အမှုလာရောက်တိုင်ကြားသူများကို ခေါ်ယူခြိမ်းခြောက်မှုများ အဆက်မပြတ် ပြုလုပ်နေသလို တစ်ဘက်မှာလည်း စစ်လက်နက်အင်အားများအဆမတန်တိုးမြှင့်လာနေမှုများကို တွေ့ရှိနေ၇သည်ဟု ဦးခိုင်သုခက ပြောဆိုလိုက်သည်။
“စစ်ရေးအရ ထိပ်တိုက်တွေ့တာတွေရှိတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့က ဒီကိစ္စတွေကို ကြားခံတွေကနေ တစ်ဆင့် ညှိနှိုင်းနေတာတွေရှိပါတယ်။ ဒါပေမဲ့လည်း ကျွန်တော်တို့ ပြောပလောက်အောင်တော့ ခရီးမရောက်ဘူး။ ပြောရရင်တော့ ညှိနှိုင်းလို့မရတဲ့အခြေအနေရှိနေတယ်လို့ အကြမ်းအားဖြင့်ပြောလို့၇တယ်”ဟု ဆိုသည်။
တိုက်ပွဲဖြစ်၊ မဖြစ်မှာမှာ စစ်ကောင်စီဘက်က ထိုးစစ်ဆင်လာလျှင် အချိန်မရွေးဖြစ်လာနိုင်သည်ဟုလည်း ဦးခိုင်သုခက ပြောသည်။
“စစ်ကောင်စီဖက်က ဖိနှိပ်မှုတွေများလာဖို့၊ ထိုးစစ်ဆင်လာဖို့ အခြေအနေမျိုးဖြစ်လာနေတယ်ဆိုရင် ကျွန်တော်တို့ အခုထက်ဆိုးဝါးတဲ့ အခြေအနေတစ်ခုကို ရောက်သွားနိုင်တယ်”ဟု ဆိုသည်။
ယင်းအပြင် ရခိုင်ပြည်နယ်တွင် စစ်ကောင်စီဘက်က စစ်အင်အားများတိုးချဲ့လာနေသလို ရက္ခိုင့်တပ်တော်(AA)ဘက်ကလည်း တိုက်ပွဲဝင်နိုင်ရေးအတွက် အဆင်အသင့်ပြုလုပ်ထားသည်ဟု ပြောသည်။ (NN-11)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.