English Edition
အင်္ဂါနေ့၊ နိုဝင်ဘာလ ၁၂ရက်၊ ၂၀၂၄
လှူရန်
Preview
AA အနေဖြင့် စစ်ကောင်စီထုတ်ကုန်များကို ရခိုင်တွင်မသုံးစွဲရန် တားမြစ်မှု မလုပ်နိုင်သေးဟုဆို
ဇွန် ၁၆/ ၂၀၂၂ | ကြည့်ရှုသူ :8608
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၁၄/ ၂၀၂၂
ရခိုင်ပြည်နယ်တွင် ရောင်းချနေကြသည့် စစ်ကောင်စီထုတ်ကုန်များကို ပြည်သူလူထုမသုံးစွဲကြရန်အတွက် တားမြစ်မှုကို မလုပ်နိုင်သေးသော်လည်း လုပ်နိုင်သည့်အခြေအနေသို့ရရှိလာမှသာ ကြိုးစားပြီး လုပ်ကိုင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က ပြောဆိုလိုက်သည်။
ယခုလိုပြောဆိုမှုကို ယနေ့ ဇွန်လ ၁၄ ရက်က ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်နံပါတ် (၀၀၃)၏ မေးမြန်းမှုကို ULA/ AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက အထက်ပါအတိုင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
“ဒီဟာတွေနဲ့ပတ်သက်လို့ကျွန်တော်တို့မှာ အလုပ်တခုလုပ်တယ်ဆိုရင် အဲဒီအလုပ်ကိုမလုပ်ခင်ကနေ ကျွန်တော်တို့ အချက်အလက်ကောက်တာတွေ ကိုလုပ်ရပါတယ်။ ဘယ်လိုအချိန်မှာဘာလုပ်မလဲဆိုတာထက် ကျွန်တော်တို့လုပ် သင့်လုပ်ထိုက်တဲ့အလုပ်တစ်ခုကို လုပ်နိုင်တဲ့အခြေအနေမှာ ကြိုးစားပြီးတော့လုပ်သွားမယ်။ ဒီလိုအခြေအနေတော့ရှိပါတယ်”ဟု ဆိုသည်။
ယင်းအပြင် ULA/AA အနေဖြင့် စစ်တပ်ထုတ်ကုန်များဖြစ်သည့် အရက်၊ ဘီယာများကို မသောက်ရဟုဆိုလိုက်လျှင်လည်း ပြည်သူလူထုအနေဖြင့် ခိုးဝှက်ကာသောက်ကြမှာဖြစ်သည့်အတွက် အဆိုပါနေရာတွင် မည်သည့်အရာကို အစားထိုးသွားမလဲဆိုသည်ကို အရင်စဉ်းစား၇မည်ဖြစ်ကြောင်း ဦးခိုင်သုခက ပြောဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးချိန်မှစ၍ မြန်မာနိုင်ငံအနှံ့အပြားတွင် စစ်တပ်ထုတ်ကုန်များကို မဝယ်ယူ၊ မသုံးစွဲကြရန် သပိတ်တစ်ရပ်အနေဖြင့် ပြုလုပ်နေကြသည်မှာ ယနေ့အချိန်ထိဖြစ်သည်။
စစ်ကောင်စီထုတ်ကုန်ပစ္စည်းများကိုသပိတ်မှောက်ရန် AA အဆင့်မြင့်ခေါင်းဆောင် တစ်ဦးဖြစ်သူ ဗိုလ်မှူးအေးထွန်း(ခေါ်) ထွန်းမင်းနိုင်က သူ၏ လူမှုကွနဲ်ရက်စာမျက်နာမှတဆင့် ပြီးခဲ့သည့် မေလ ၁၇ ရက်တွင် သတိပေးရေးသားခဲ့သည်။
Mytel မသုံးစွဲရန်၊ အရက်၊ ဘီယာတို့အပါအဝင် ဦးပိုင်ထုတ်ကုန်များကို မသုံးစွဲရန်ပြောဆိုထားခြင်းဖြစ်ပြီး အခြား မသိရသေးသောထုတ်ကုန်များနှင့် ပတ်သက်ပြီး ဗမာပြည်သူများထံ စုံစမ်းမေးမြန်းရန်လည်း သူက အကြံ ပြုခဲ့သည်။
ယင်းအပြင် ယခုနှစ်သင်္ကြန်ကာလအတွင်း ကျောက်တော်ဇီးချောင်းဆည်သင်္ကြန်တွင်လည်း စစ်တပ်ပိုင်ထုတ်ကုန်များတွင်ပါဝင်သည့် အရက်နှင့်ဘီယာများကို ရောင်းချခွင့်မပြုရန် AA က တားမြစ်မှုရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။ (NN-11)
#အေအေ/စစ်ရေး/ နိုင်ငံရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.