Preview

ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံထားရသည့် အရပ်များအထဲက ၈ဦးကို စစ်တွေတပ်ရင်းတစ်ခုသို့ပို့ဆောင်

ဇွန် ၁၈/ ၂၀၂၂ | ကြည့်ရှုသူ :2380
ရခိုင် သတင်း

ပုဏ္ဏားကျွန်းတွင် ဖမ်းဆီးခံထားရသူ အရပ်သားများအထဲက ၈ဦးကိုစစ်တွေတပ်ရင်းတစ်ခုသို့ပို့ဆောင်

 

နိရဥ္စရာ၊ဇွန် ၁၈၊ ၂၀၂၂

 

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ အခြေစိုက် ခမ၇ ၅၅၀တပ်ရင်းတွင်ဖမ်းဆီးခံထားရသည့် အရပ်သားများအထဲက ၈ဦးကို စစ်တွေမြို့ရှိ တပ်ရင်းတစ်ခုသို့  ဇွန်လ ၁ရရက်နေ့ ညနေပိုင်းတွင် ပို့ဆောင်လိုက်သည်ဟုသိ၇ကြောင်း မိသားစုဝင်များကပြောသည်။

 

စစ်တွသို့ပို့ဆောင်ခံလိုက်၇သူများမှာ ပြီးခဲ့သည့် ဇွန်လ၁၆ရက်နေ့တွင် စစ်ကောင်စီတပ်က နေအိမ်များအထဲသို့ ဝင်ရောက်လာပြီး ဖမ်းဆီးခြင်းကိုခံလိုက်ရသည့် ပုဏ္ဏားကျွန်းမြို့ စံပြရပ်ကွက်မှကိုမျိုးသွင်၊ ဦးဘလှိုင်၊ ဦးထွန်းလှိုင်၊ ဦးကျော်မင်း၊ ဦးမောင်ဝင်းသန်းနှင့် အခြားအမျိုးသား ၃ဦးတို့ဖြစ်ကြသည်။

 

အပြစ်မရှိဘဲ နေအိမ်အထိ လာရောက်ဖမ်းဆီးခြင်းကိုခံခဲ့၇သလိုမိသားစုများနှင့် အဆက်အသွယ် ဖြတ်ကာ စစ်တွေသို့ပို့ဆောင်လိုက်သည့်အတွက် စိုးရိမ်ပူပင်နေကြ၇သည်ဟု အမည်မဖော်လိုသည့် ဖမ်းဆီးခံအမျိုးသား တစ်ဦး၏ သားဖြစ်သူက နိရဥ္စရာကိုပြောသည်။

 

ကျွန်တော့်အဖေအပါအဝင်၈ယောက်လို့တော့သိ၇တယ်။ ဒီထက်လည်းများနိုင်တယ်ပေါ့။ စစ်တွေက

ဘယ်တပ်ရင်းကို ပို့လိုက်တာလဲဆိုတာတော့ မသိရသေးဘူး။စစ်တွေကိုပို့ခံ၇တာတော့ သေချာပါတယ်။ ကျွန်တော်တို့ အဖေမှာ ဘာအပြစ်မှမရှိဘဲ အခုလိုဖမ်းဆီးခံလိုက်၇တော့ အရမ်း စိတ်မကောင်းလည်း ဖြစ်သလို ဒေါသလည်း ထွက်ပါတယ်ဟု ပြောဆိုသည်။

 

ယင်းအပြင် ယနေ့ဇွန်လ ၁၈ရက်နေ့တွင်လည်း ဖမ်းဆီးထားသည့် မြို့ခံအမျိုးသား၄၀ကျော်ခန့်တွင် ၃၀ခန့်ကို ပြန်လည် လွတ်ပေးခဲ့သော်လည်း ကျန် ၁၀ ဦးခန့်ကိုမလွှတ်ပေးဘဲ  ခမ၇ ၅၅၀ တပ်ရင်းက အတင်းဓမ္မ လုပ်အားပေးစေခိုင်းနေသည်ဟု ခိုင်မာသည့် မြေပြင် သတင်းရင်းမြစ်တစ်ခုကပြောသည်။

 

ဖမ်းဆီးခံ၇တဲ့သူတွေကအကုန်လုံးဘေးတွဲဆိုင်ကယ်မောင်းနေကြတဲ့ သူတွေဖြစ်တယ်။ ဖမ်းဆီးထားတဲ့ လူများ ထဲက ၃၀လောက်မှာ အိမ်ထောင်စုစာရင်းနဲ့မယားတွေ၊မိသားစုတွေက မှတ်ပုံတင်တွေပြလို့ လာထုတ်သွား ခဲ့တယ်။ ကျန်တဲ့လူတွေက အထောက်အထား မပြနိုင်လို့ဆိုပြီးတော့ ဘေးတွဲဆိုင်ကယ်တွေကို တပ်ရင်းရှေ့မှာ တန်းစီရပ်ထားပြီးတော့ ကင်းစခန်း သုံးခု ဆောက်ခိုင်း ထားတယ်ဟု ဆိုသည်

 

စစ်ကောင်စီတပ်သားများက ဆောက်လုပ်ခိုင်းထားသည့် ကင်းပုန်းစခန်းနေရာ၃ခုမှာ အောင်မင်္ဂလာကန် ရှေ့တွင် တစ်ခု၊ အေးစေတီအနီးရှိ လူပျံလက်ဖက်ခြောက်ထုတ်ရောင်းချနေသည့် ဆိုင်ရှေ့တွင် ၁ခုနှင့် ဦးရာဇ်မြေလက်ဖက်ရည်ဆိုင် ရှေ့တွင်၁ခုတို့ဖြစ်ကြသည်။

 

ဖမ်းထားလူတွေကများတော့နာမည်တွေကိုတော့မ၇သေးဘူး။ ဘေးတွဲသမားတစ်ယောက်ကိုလည်း တပ်ရင်းထဲ မှာ ကြိုးနဲ့တုတ်နှောင်ချည်ထားသေးတယ်ဟုဆိုသည်။

 

ပြီးခဲ့သည့် ဇွန်လ ၁၆ရက်နေ့တွင် ၅၅၀တပ်ရင်းမှ စစ်ကောင် စီတပ်ဖွဲ့ဝင်၂ ဦးကို AAကဖမ်းဆီးခဲ့ရာ တစ်ဦးကို ဖမ်းဆီးရရှိခဲ့သော်လည်း နောက်တစ်ဦးမှာ လွှတ်မြောက်သွားခဲ့ပြီးနောက် မြို့ခံအရပ်သားများမှာ အကြောင်းမဲ့ ယခုလိုဖမ်းဆီး ခံနေရခြင်းဖြစ်သည်ဟုသိ၇သည်။  ( NN-11)

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.