Preview

ဖမ်းဆီးခံထား၇သည့် ပုဏ္ဏားကျွန်းမြို့ခံ ၅ဦး စစ်တွေစရဖစခန်းတွင် စစ်ကြောရေးခံနေရဟုဆို

ဇွန် ၁၉/ ၂၀၂၂ | ကြည့်ရှုသူ :10409
ရခိုင် သတင်း

နိရဥ္စရာ၊ဇွန် ၁/ ၂၀၂၂

၇ခိုင်ပြည်နယ်၊ပုဏ္ဏားကျွန်းမြို့တွင် စစ်ကောင်စီကဖမ်းဆီးထားသည့် မြို့ခံအမျိုးသား ၅ဦးမှာ ယမန်နေ့ဇွန် ၁၈ရက် နေ့တွင် စစ်တွေမြို့ ဂေါက်ကွင်းအနီးအရှိ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စ၇ဖ)စခန်းတွင် စစ်ကြောရေးခံနေရ သည်ဟု သိ၇သည်။

 

စစ်ကြောရေးစစ်ဆေးခံနေ၇သူမှာဦးဘလှိုင် (၃၉)နှစ်၊ ဦးဝင်းမောင်သန်း(၄၀)နှစ်၊ ဦးထွန်းလိုင်(၅၅)နှစ်၊ ဦးကျော်မင်း(၅၈)နှစ် နှင့်ကိုကျော်လင်း(အသက်၂၀ကျော်အရွယ်)တို့ဖြစ်ကြသည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးကနိ၇ဉ္စရာသတင်းဌာကိုပြောသည်။

 

 သူတို့ကို ဒီနေ့ ၅နာရီကျော်လောက်မှာစ၇ဖစခန်းကိုယူခဲ့တာ။ စစ်ကြောရေးဝင်ဖို့ထင်တယ်။ စစ်ကြောရေးဆိုတာ ကနောက်ဆုံးအဆင့်စစ်ဆေးတာ။ ညှမ်းပန်းနှိပ်စက်ပြီးတော့စစ်ဆေးတာ။ စစ်ဆေးတာနဲ့ စစ်ကြောတာနဲ့ မတူဘူး။ စစ်ကြောရေးဆိုတာကကိုယ်တို့လိုချင်တဲ့ ဒေတာအချက်အလက်တွေကို မရ၇အောင်လုပ်တာပါဟု ဆိုသည်။

 

ယခုဖမ်းဆီးခံအရပ်သား ၅ဦးရောက်ရှိနေသည့်နေရာမှာ ယခင်ကထောက်လှမ်းရေး(၁၀)နေခဲ့သည့်နေရာဖြစ်ပြီး လက်ရှိတွင် စ၇ဖစခန်း အဖြစ်ပြောင်းလဲထားသည်ဟုသိ၇သည်။

 

ယင်းအပြင်၎င်းတို့ ၅ဦးထဲမှ ဦးဘလှိုင်၊ ဦးဝင်းမောင် သန်း၊ဦးထွန်းလှိုင်၊ဦးကျော်မင်းတို့မှာ ပုဏ္ဏားမြို့တွင် နေထိုင်သူများဖြစ်ကြပြီးကိုကျော်လင်းမှာမှု နေရပ်လိပ်စာ တိတိကျကျ မရရှိသေးဟုလည်းအထက်ပါပုဂ္ဂိုလ်ကပြောသည်။


၎င်းတို့ ၅ ဦးသည် ဇွန် ၁၆ရက်က ရက္ခိုင့်တပ်တော်( AA)က ပုဏ္ဏားမြို့တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးပြီးနောက် အကြောင်းမဲ့အဖမ်းခံရသည့် အရပ်သားများဖြစ်ကြသည်။

 

နောက်ထပ် ဦးမှာလည်းစစ်တွေ စစ်ဆေးရုံကုတင် (၁၀၀)တွင် ဆေးကုသမှု ခံနေ၇သည်ဟု သိရသည်။ဆေးရုံတွင် တက်ရောက်ကုသနေရသည့် အကြောင်းအရင်းကို အသေးစိတ်မသိ၇သေးပေ။


အဆိုပါကိစ္စနှင့် ပတ်သက်ပြီး ပြည်နယ်အဆင့် စစ်ကောင်စီတာဝန်ရှိသူများကို ဆက်သွယ်သော်လည်း ဖြေကြားပေးမည့်သူ မရှိ၍ ယင်းအခြေအနေများနှင့် ပတ်သက်ပြီး မေးမြန်းတင်ပြနိုင်ခြင်း မရှိပါ
(NN-11)

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.