English Edition
တနင်္ဂနွေနေ့၊ မေလ ၁၁ရက်၊ ၂၀၂၅
လှူရန်
Preview
မင်းပြားတွင် အသက် ၆၈ နှစ်အရွယ်အမျိုးသမီး အသတ်ခံ၇မှု ULA/ AA က စုံစမ်းစစ်ဆေးနေ
ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :9250
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၀/ ၂၀၂၂
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာတွင် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးတစ်ဦး အသတ်ခံလိုက်ရမှုကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)က စုံစမ်းစစ်ဆေးနေသည်ဟု မင်းဖူးကျေးရွာဥက္ကဋ္ဌ ဦးဦးစံသိန်းက ပြောသည်။
"ULA/AA အစိုးရ ရဲဌာနကို တိုင်ထားပြီးတော့ စစ်ဆေးတာတွေတော့ရှိပါတယ်။ အမှုဖြစ်တာနဲ့ပတ်သက်ပြီးတော့ မဖြစ်စေချင်ဘူး။ အခုဖြစ်စဉ်ကိုလည်း အများကြီးလေ့လာနေကြတယ်။ စစ်ဆေးနေကြတယ်။ ဒီလို လူသတ်မှုတော့ မဖြစ်ဖူးဘူး"ဟု ပြောသည်။
အသတ်ခံရသူမှာ မင်းဖူးကျေးရွာတွင်နေထိုင်သည့် ဒေါ်မအေးဖြူဖြစ်သည်။
သူမကို ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက သူမ၏နေအိမ်တွင် သေဆုံးလျက်တွေ့ရှိခဲ့ပြီး သူမလည်ပင်းမှ ဒဏ်ရာအခြေအနေကြောင့် လည်ပင်းညှစ်သတ်ခံ၇ခြင်းဖြစ်နိုင်ကြောင်း ဦးဦးစံသိန်းက ပြောသည်။
"အခုပုံစံမျိုးက ခိုးလို့ပဲ သတ်ခဲ့တာလား။ သတ်ခဲ့တယ်လို့ထင်တဲ့တစ်ချက်က လည်ပင်းမှာ ညိုမဲနေတဲ့ လည်ပင်းညှစ်သတ်သလိုပုံစံမျိုးတွေ့၇လို့ ဝေဖန်တာသာဖြစ်တယ်"ဟု ဆက် ပြောသည်။
သူမကိုယ်ပေါ်မှ လက်ဝတ်လက်စား တစ်စုံတစ်ရာပျောက်ဆုံးမှုမရှိခဲ့သော်လည်း နေအိမ်အတွင်း စုဆောင်းထားသည့် ရွှေစ၊ ငွေစအချို့နှင့် ပိုက်ဆံအချို့ ပျောက်ဆုံးနေသည်ဟု မိသားစုဝင်များက ပြောသည်။
သေဆုံးသူဒေါ်မအေးဖြူမှာ တစ်ဦးတည်းနေထိုင်သူဖြစ်ပြီး ယခင်က ချမ်းသာခဲ့သည့်အတွက် သူမထံမှပစ္စည်းဥစ္စာလိုချင်၍ ကြံစည်ခံ၇ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများအကြား ဝေဖန်ပြောဆိုနေသည်။
ဒေါ်မအေးဖြူ ရုပ်အလောင်းကို ယမန်နေ့ မွန်းတည့် ၁၂ နာရီခန့်က ရပ်သူရွာသားများ စုပေါင်းကာ သင်္ဂြိုဟ်ခဲ့ကြကြောင်း သိ၇သည်။ (NN-7)
ဓာတ်ပုံ - အထက မင်းဖူး facebook
#မူခင်း
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.