တနင်္လာ၊ စက်တင်ဘာလ ၂၃ရက်၊ ၂၀၂၄

AA တပ်မှုးချုပ်က ကျောင်းဆရာတစ်ဦးနှင့် ဆရာမတစ်ဦးတို့ကို ပြန်ပေးဆွဲသူမှာ အာဆာအဖွဲ့ဖြစ်သည်ဟုသူ၏တွစ်တာတွင်ရေးသားဖော်ပြ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၂ ဇွန် ၂၀၂၂
  • | ကြည့်ရှုသူ: 6k

နိရဉ္စရာ၊ ဇွန် ၂၀/၂၀၂၂
ရက္ခိုင့်တပ်တော် (AA) တပ်မှုးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ပညာရေး ဝန်ထမ်းကျောင်းဆရာဆရာမနှစ်ဦးကို ပြန်ပေးဆွဲသည်မှာအာဆာအဖွဲ့ဟု သူ၏တွစ်တာတွင်ရေးသား ဖော်ပြသည်။
သူ၏ တွစ်တာတွင် ရေးသားရာတွင် “ ဘင်္ဂလားဒေ့ရှ် နယ်စပ်အနီး ကျောင်းဆရာ၊ ဆရာမ နှစ်ဦးကို ARSA မှ ပြန်ပေးဆွဲခြင်းသည် ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းများရှိ မွတ်စလင်ဒုက္ခသည်များအတွက်သာမက ရခိုင်ပြည် အတွင်းရှိ မတူညီသော လူမှုအသိုင်းအဝိုင်းကြား ယုံကြည်မှုနှင့် လူမှုစည်းလုံးညီညွတ်မှုကို လျော့ပါးစေရန်အတွက် ကျွန်ုပ်တို့၏တရားမျှတသော အားထုတ်မှုများကို ထိခိုက်စေနိုင်သည်”ဟု ဖော်ပြသည်။
ပြန်ပေးဆွဲခံရသည့် ပညာရေးဝန်ထမ်း ၂ဦးမှာ မောင်တောမြို့နယ် မြောက်ပိုင်း သင်္ဘောလှကျေးရွာတွင် တာဝန်ကျနေသည့် ကျောင်းအုပ်ဆရာကြီး ဦးဘိုဝင်းနှင့် လက်ထောက်ဆရာမဒေါ်ဥမ္မာကျော်တို့ဖြစ်ပြီး ၎င်းတို့သည် ဇွန်လ ၁၆ရက်နေ့တွင် မောင်တောမြို့သို့ ဆိုင်ကယ်ဖြင့် သွားစဥ် ပြန်ပေးဆွဲ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
၎င်းနောက် AA တပ်မှူးချုပ်၏ မှတ်ချက် တွစ်တာတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ