Preview

ကျောက်တော်မှ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်း အဖမ်းခံရ

ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :8985
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၁ /၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့မှ တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းသည် ယနေ့နံနက်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ဖမ်းဆီးခြင်းကို ခံလိုက်ရသည်ဟု သိ၇သည်။
အသက် ၄၀ ကျော်အရွယ် ကိုဇော်ဝင်းကို စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၂၀ ခန့်က ယနေ့ ဇွန်လ ၂၁ ရက် နံနက် ၁၀ နာရီကျော်အချိန်တွင် ကျောက်တော်မြို့ ပြည်တော်သာရပ်ကွက်ရှိ သူ၏နေအိမ်အတွင်းမှ ဝင်ရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက “ဒီကနေ့မနက်က သူ့အိမ်ထဲကနေ ဝင်ဖမ်းသွားတာ”ဟု ပြောသည်။
နောက်ထပ်မြို့ခံတစ်ဦးကလည်း ကိုဇော်ဝင်းဖမ်းဆီးခံ၇သည်မှာ ဟုတ်မှန်သည်ဟု ဆိုသည်။
ဖမ်းဆီးခံလိုက်ရသည့်ကိုဇော်ဝင်းသည် လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသူတစ်ဦးဖြစ်သည်။
ကျောက်တော်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ယမန်နေ့ ဇွန်လ ၂၀ ရက် ညနေ ၆ နာရီခန့်က ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းအနီးတွင် AA က ဖမ်းဆီးသွားပြီးနောက် ယမန်နေ့ညနှင့် ယနေ့နံနက်တွင် ကျောက်တော်မြို့ပေါ်၌ စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ်ဆောင်ရွက်နေသည်ဟု မြို့ခံများက ပြောသည်။
ယမန်နေ့ညက ကျောက်တော်မြို့ခံ ၄ ဦးဖမ်းဆီးခံထားရသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း နိရဥ္စရာအနေဖြင့် သီးခြားအတည်ပြု၍မ၇ခဲ့ပါ။ (NN-2)

#လူ့အခွင့်အရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.