Preview

ဖမ်းဆီးစစ်ဆေးမှုများရှိနေ၍ ကျောက်တော်တွင် ဈေးဆိုင်များနှင့် ကျောင်းများပိတ်ထားရ

ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :3475
ရခိုင် သတင်း
နိရ ဉ္စရာ၊ ဇွန် ၂၁/၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် လုံခြုံရေးတိုးမြှင့်ထားကာ အရပ်သားပြည်သူများ ဖမ်းဆီးခံရမှုများရှိနေ၍ ဈေးဆိုင်များနှင့် စာသင်ကျောင်းများကို ပိတ်ထားရကြောင်း သိ၇သည်။
ကျောက်တော်မြို့တွင် ဈေးဆိုင်ခန်းများကို ယနေ့ နံနက်ပိုင်း ခေတ္တခဏသာ ဖွင့်လှစ်ရောင်းချမှုများရှိခဲ့ပြီး အခြေခံပညာစာသင်ကျောင်းများကိုမူ ယမန်နေ့ ဇွန်လ ၂၀ ရက်ပင် ယာယီပိတ်ထားကြောင်း ဒေသခံများက ပြောသည်။
ကျောက်တော်မြို့တွင် စစ်ကောင်စီက လမ်းသွားလမ်းလာများကို စစ်ဆေးမေးမြန်းမှု၊ ဖမ်းဆီးမှုများရှိနေသဖြင့် အပြင်သို့မထွက်ရဲဖြစ်နေကြကြောင်း ကျောက်တော်မြို့ခံတစ်ဦးက ပြောသည်။
"ကျောက်တော်အခြေအနေက နည်းနည်းစိုးရိမ်ရတယ်။ ဈေးဆိုင်တွေလည်း အားလုံးပိတ်ထားကြတယ်။ သူတို့တွေက လူ လမ်းသွားရင်လည်း တစ်ယောက်ချင်းစီကို အားလုံးသူကိုစစ်တယ်။ အပြင်မထွက်ရဲဘဲနဲ့ အိမ်မှာပဲနေကြ၇တယ်" ဟုပြောသည်။
အဆိုပါဖမ်းဆီးစစ်ဆေးမှုများရှိနေသဖြင့် ကျောက်တော်ဒေသခံများမှာ အပြင်မထွက်ရဲဖြစ်နေသဖြင့် နောက်ပိုင်းကြာလာလျှင် စားဝတ်နေရေးထိခိုက်လာမည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောသည်။
ကျောက်တော်မြို့ဒေသခံတစ်ဦးက "ဈေးတွေလည်း ပိတ်လို့အိမ်ပြန်ရောက်နေပြီ။ အပြင်မထွက်ရဲကြတော့ဘူး။ ဒါကြောင့်အပြင်မှာ အခုဘယ်လိုအခြေအနေတွေဆိုးဝါးနေလဲ သိပ်မသိဘူး။ စာသင်ကျောင်းတွေလည်း အားလုံးပိတ်ထားတယ်။ လမ်းမှာအသွားအလာတွေ လုံး၀မရှိတော့ဘူး" ဟုပြောသည်။
ကျောက်တော်မြို့တွင် ယနေ့ ဇွန်လ ၂၁ ရက် နံနက်ပိုင်းမှစတင်ကာ မြို့အဝင်အထွက်လမ်းများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက တင်းကျပ်စွာ ပိတ်ဆို့ထားပြီး မြို့တွင်းတွင်လည်း အချုပ်ကား ၁ စီးနှင့် စစ်ကောင်စီကား ၂ စီးတို့ဖြင့် လှည့်လည်ကာ မြို့ခံများကို လိုက်လံဖမ်းဆီးနေသည်ဟု မြို့ခံများက ပြောသည်။
ယနေ့ နေ့လယ် ၃ နာရီခန့်အချိန်အထိ အမျိုးသမီးငယ် ၄ ဦးနှင့် လူမှုရေး တက်ကြွလှုပ်ရှားသူ ကိုဇော်ဝင်းအပါအဝင် မြို့ခံ ၃၀ ဦးထက်မနည်း ဖမ်းဆီးခံလိုက်နေရသည်ဟု သိ၇သည်။
ဖမ်းဆီးခံရသူများတွင် လမ်းသွားလမ်းလာများလည်း ပါဝင်သလို ဈေးဆိုင်များနှင့် နေအိမ်များအတွင်း ဝင်ရောက်ဖမ်းဆီးခံ၇သူများလည်း ပါဝင်သည်ဟု ဆိုသည်။
ကျောက်တော်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ယမန်နေ့ ဇွန်လ ၂၀ ရက် ညနေ ၆ နာရီခန့်က ကျောက်တော်မြို့ မြို့သစ် ရပ်ကွက်ရှိ ဘောလုံးကွင်းအနီး AA က ဖမ်းဆီးသွားပြီးနောက် ယမန်နေ့ညနှင့် ယနေ့တွင် ကျောက်တော်မြို့ပေါ်၌ စစ်ဆေးမှုများ တင်းကျပ်နေခြင်းဖြစ်သည်ဟု သိ၇သည်။ (NN-8)

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.