Preview

ကျောက်တော်တွင် ဖမ်းဆီးခံခဲ့၇သူများအနက် အမျိုးသမီး ၄ ဦးကိုပြန်လွှတ်ပေး

ဇွန် ၂၂/ ၂၀၂၂ | ကြည့်ရှုသူ :2276
ရခိုင် သတင်း
နိရဥ္စရာ၊ ဇွန် ၂၂ /၂၀၂၂
ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် ဖမ်းဆီးခံခဲ့၇သူများအနက် အမျိုးသမီး ၄ ဦးကို ယမန်နေ့ညက ပြန်လွှတ်ပေးလိုက်သည်ဟု သိ၇သည်။
လွတ်မြောက်လာသူများမှာ ကျောက်တော်မြို့ ရှမ်းရွာရပ်ကွက်မှ ၂ ဦး၊ မြို့သစ်ရပ်ကွက်မှ ၁ ဦးနှင့် ပြည်တော်သာရပ်ကွက်မှ ၁ ဦးတို့ဖြစ်ပြီး သူတို့ကို ယမန်နေ့ ဇွန်လ ၂၁ ရက် ည ၁၁ နာရီခွဲခန့်တွင် လွှတ်ပေးလိုက်ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
မြို့ခံတစ်ဦးက “မနေ့ညက ကားအမဲတွေနဲ့ အိမ်ကိုလာပို့ပြီး လွှတ်ပေးလိုက်တာဖြစ်ပါတယ်”ဟု ပြောသည်။
လွတ်မြောက်လာသူများအနက် ရှမ်းရွာပန်းပဲတန်းရပ်ကွက်မှ ၂ ဦးမှာ အသက် ၂၀ ကျော်ခန့်ရှိပြီး ကျန် ၂ ဦးမှာ အသက် ၃၀ ကျော်ခန့်ရှိသည်ဟုလည်း သိ၇သည်။
သူတို့ ၄ ဦးသည် နောက်ထပ် မြို့ခံ အမျိုးသား ၃၀ ဦးခန့်နှင့်အတူ ယမန်နေ့နေ့လယ်က ကျောက်တော်မြို့အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အချုပ်ကားဖြင့်တင်ဆောင်ကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ပြောသည်။
ဖမ်းဆီးခံ၇သူများတွင်ပါဝင်သွားသည့်အမျိုးသားများကိုမူ ယနေ့ ဇွန်လ ၂၂ ရက် နံနက်ပိုင်းအထိ ပြန်လွှတ်ပေးသည်ကို မကြား၇သေးဟုလည်း မြို့ခံများက ပြောသည်။
ကျောက်တော်မြို့မရဲစခန်းတွင်တာဝန်ထမ်းဆောင်နေသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို ဇွန်လ ၂၀ ရက် ညနေ ၆ နာရီခန့်က ကျောက်တော်မြို့ မြို့သစ်ရပ်ကွက်ရှိ ဘောလုံးကွင်းအနီး AA က ဖမ်းဆီးသွားပြီးနောက် ယင်းနေ့ညနှင့် ယမန်နေ့တို့တွင် ကျောက်တော်မြို့ပေါ်၌ လုံခြုံရေးတင်းကျပ်ကာ ဖမ်းဆီးစစ်ဆေးခဲ့မှုများ ရှိနေခဲ့ခြင်းဖြစ်သည်ဟု သိ၇သည်။
ယင်းသို့စစ်ဆေးမှုများတင်းကျပ်ခဲ့၍ ကျောက်တော်မြို့မဈေးကိုလည်း နေ့တစ်ဝက်နှင့်ပိတ်လိုက်ရသလို စာသင်ကျောင်းများကိုလည်း နေ့တစ်ပိုင်းနှင့် ပြန်လွှတ်လိုက်၇သည်ဟု မြို့ခံများက ပြောသည်။
ယနေ့နံနက်ပိုင်းတွင် မြို့အခြေအနေမှာ တည်ငြိမ်နေသည်ဟု သိ၇သည်။ (NN-2)
ဓာတ်ပုံ - ဖမ်းဆီးစစ်ဆေးမှုများရှိခဲ့၍ လူသွားလူလာနည်းနေသည့် ကျောက်တော်မြို့တွင်းတစ်နေရာအား ယမန်နေ့ ဇွန်လ ၂၁ ရက် နေ့လယ်ပိုင်းက တွေ့၇စဉ်။

#စစ်ရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
နိရဉ္ဇရာလှူရန်

ဆက်စပ် အကြောင်းအရာများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်

နောက်ဆုံးရသတင်းများ

တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
© 2024 Narinjara News. All rights reserved.