English Edition
သောကြာနေ့၊ မေလ ၀၉ရက်၊ ၂၀၂၅
လှူရန်
Preview
စစ်တွေတွင် ယမန်နေ့ညက ဖမ်းဆီးစစ်ဆေးမှုများနှင့် သေနတ်သံများထွက်ပေါ်ခဲ့၍ ယနေ့စာသင်ကျောင်းအချို့ပိတ်ထား
ဇွန် ၂၄/ ၂၀၂၂ | ကြည့်ရှုသူ :8659
ရခိုင် သတင်း
နိရဉ္စရာ၊ ဇွန် ၂၄/၂၀၂၂
ရခိုင်ပြည်နယ်၏မြို့တော်စစ်တွေတွင် ယမန်နေ့မှစတင်ကာ အဖမ်းအဆီးစစ်ဆေးမှုများနှင့် သေနတ်သံများပေါ်ထွက်ခဲ့မှုကြောင့် အခြေခံပညာကျောင်းအချို့ကိုပိတ်ထားကာ ဖွင့်သည့်ကျောင်းများတွင်လည်း ကျောင်းသားအနည်းငယ်သာတက်ရောက်နေကြောင်း ဒေသခံများက ပြောသည်။
စစ်တွေမြို့အခြေခံပညာအထက်တန်းကျောင်းတစ်ကျောင်းအနီးတွင် ဈေးရောင်းချနေသူတစ်ဦးက "မတက်ကြတဲ့သူတွေများကြတယ်။ တစ်ယောက်စ၊ နှစ်ယောက်စလောက်ပဲ ရှိတယ်။ မိဘတွေကလည်း ကျောင်းလာထားသူထားကြတယ်၊ နောက်စိတ်မချလို့ ပြန်လာခေါ်ကြတဲ့သူတွေလည်း ရှိတယ်" ဟုပြောသည်။
လက်ရှိတွင် စစ်တွေမြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းအချို့အပါအဝင် အလယ်တန်းနှင့် မူလတန်းကျောင်းအချို့တွင် ကျောင်းတက်ရောက်သူများနည်းပါးနေသကဲ့သို့ မြို့ပေါ်အထင်ကရလမ်းများတွင်လည်း လမ်းသွားလမ်းလာများမှာ ယခင်ထက်နည်းပါးလျက်ရှိကြောင်း သိ၇သည်။
ယမန်နေ့ ဇွန်လ ၂၃ ရက်၊ နေ့လယ်ပိုင်းကလည်း စစ်တွေမြို့နယ်၊ သက္ကေပြင်ကျေးရွာမှ မူဆလင်အမျိုးသားတစ်ဦးနှင့် စစ်တွေမြို့အတွင်း ရပ်ကွက်အချို့မှလည်း ဖမ်းဆီးခံရသည့် ဒေသခံများရှိကြောင်း သတင်းများထွက်ပေါ်နေသည်။
ထို့အပြင် ယမန်နေ့ ညအချိန် ၉ နာရီ ၁၀ မိနစ်ကျော်ခန့်ကလည်း စစ်တွေမြို့ မင်းဂံဆင်းလမ်းနှင့် စစ်တွေကားဂိတ်အနီးတွင် သေနတ်ပစ်ခတ်သံများ ၁၁ ချက်ခန့်ကြားခဲ့ရပြီး ဒေသခံများအကြား ထိတ်လန့်မှုရှိခဲ့ကြောင်း သိ၇သည်။
လက်ရှိတွင် ဖမ်းဆီးခံရသူဦးရေ မည်မျှရှိကြောင်းကိုလည်း နိရဉ္စရာက အတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။
စစ်တွေမြို့တွင် စစ်ကောင်စီတပ်မှ တပ်ဖွဲ့ဝင်နှစ်ဦးအား ယမန်နေ့ ဇွန်လ ၂၃ ရက် နေ့လယ်ပိုင်းက ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်လျက်ရှိနေပြီး စစ်တွေမြို့အဝင်အထွက်လမ်းတစ်ချို့နှင့် ရပ်ကွက်တချို့တွင် စစ်ကောင်စီဘက်မှ လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများတင်းကျပ်နေကြောင်း သိ၇သည်။ (NN-8)
#ပညာရေး
မင်္ဂလာပါ လူကြီးမင်းတို့ခင်ဗျာ။ ကျနော်တို့မီဒီယာဆက်လက်ရပ်တည်ရှင်သန်ရေးအတွက် လူကြီးမင်းတို့ရဲ့ပူးပေါင်းဆောင်ရွက်မှုနဲ့ ကူညီမှုတွေကို အထူးလိုအပ်နေပါတယ်။
လှူရန်
ဆက်စပ် အကြောင်းအရာများ
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
နောက်ဆုံးရသတင်းများ
Your browser does not support the video tag.
တစ်နေ့တာ၏ အရေးကြီးဆုံး ပြည်တွင်းပြည်ပ သတင်းများနှင့် အဖြစ်အပျက်များကို လစဥ် လူကြီးမင်း၏ အီးမေလ်းထဲသို့ ရယူနိုင်ပါသည်
ရယူမည်
ဆက်သွယ်ရန်
ကျွန်ုပ်တို့အကြောင်း
သတ်မှတ်ချက်များ
ကူညီမည်
အလုပ်ခေါ်စာ
© 2024 Narinjara News. All rights reserved.